ပရိုဂရမ်းမင်းမျိုးဆက်

ဝီကီပီးဒီးယား မှ
Java programming code Simple
Simple Java Programming Code

ပရိုဂရမ်းမင်းဘာသာစကားများကို ပရိုဂရမ်းမင်းဘာသာစကားမျိုးဆက်များစွာ ခွဲခြားထားသည်။ သမိုင်းကြောင်းအရ ဤအမျိုးအစားခွဲခြားမှုသည် ပရိုဂရမ်စတိုင်လ်များတိုးတက်လာခြင်းကိုညွှန်ပြရန် အသုံးပြုခဲ့သည်။ နောက်ပိုင်းအရေးအသားများသည် အဓိပ္ပာယ်များကိုအနည်းငယ်ပြန်လည်သတ်မှတ်ခဲ့သည်။

မျိုးဆက်[ပြင်ဆင်ရန်]

ပရိုဂရမ်းမင်းဘာသာစကားမျိုးဆက်နဲ့ ပတ်သက်ပြီးတော့ ပရိုဂရမ်းမင်းကို စတင်သင်တဲ့သူတွေ တော်တော်များများ သိထားသင့်ပါတယ်။ မသိလို့ ဘာဖြစ်လည်းဆိုတော့ ဘာမှတော့မဖြစ်ပါဘူး။ သိထားတော့ လက်ရှိကိုယ်သုံးနေတာ ဘယ်မျိုးဆက်ကို ရောက်နေပြီလဲ။ ဒီမျိုးဆက်မတိုင်ခင်က ဘယ်ဘာသာစကားတွေ ရှိခဲ့လဲ။ အခု ကိုယ်လေ့လာနေတာက ဘယ်မျိုးဆက်လဲ။ စတာတွေကို သိရှိနိုင်ပါတယ်။

First Generation Language ( 1GL )[ပြင်ဆင်ရန်]

1950 မတိုင်ခင်က UNIVAC I နဲ့ IBM 701 တို့ဟာ ပထမဆုံး machine language program လို့ ဆိုလို့ရပါတယ်။ သို့ပေမယ့် 1GL ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး 2GL ကို ကူးပြောင်းလာခဲ့ပါတယ်။

Second Generation Language ( 2GL )[ပြင်ဆင်ရန်]

2GL ကတော့ လူသိများတဲ့ assembly language သို့မဟုတ် assembler ပေါ့။ assembler ကတော့ အခုထက်ထိတော့ အချို့နေရာတွေမှာ အသုံးချနေဆဲပါပဲ။

Third Generation Language ( 3GL )[ပြင်ဆင်ရန်]

အဲဒီနောက်ပိုင်းမှာတော့ 3GL တွေ ဖြစ်တဲ့ FORTRAN , LISP, COBOL တွေ ထွက်ခဲ့ပါတယ်။ 3GL ဟာ ပိုမို ရေးသားရ လွယ်ကူလာပြီး အရင်တုန်းက machine code တွေနဲ့ မတူညီတော့ပါဘူး။ 3GL ဟာ general use အနေနဲ့ အသုံးချလာနိုင်ခဲ့ပါတယ်။ 3GL နဲ့ အတူတူ general purpos language တွေကိုလည်း ပေါ်ထွက်လာခဲ့ပါတယ်။

C language ကို 1969 နဲ့ 1973 ကြားမှာ developed လုပ်ခဲ့ပြီးတော့ အခုအချိန်ထိ popular ဖြစ်နေသေးတဲ့ langauge တစ်ခုပါ။ C ကို ထပ်ပြီးတော့ version အသစ်တိုးကာ 1980 မှာ C++ ကို ထုတ်ခဲ့ပါတယ်။ C++ က object-oriented နဲ့system programming တွေ ပါဝင်လာပါတယ်။

Third Generation နဲ့ အတူ လက်ရှိ အသုံးပြုနေတဲ့ general purpose programming language တွေကတော့ PHP, ASP, C, C++, Java, Javascript, Perl, Python, Pascal, Fortran တို့ ဖြစ်ပြီး သူတို့ဟာလည်း Third generation Language တွေပါပဲ။

Fourth Generation Language ( 4GL )[ပြင်ဆင်ရန်]

Fourth generation language ကိုတော့ စီးပွားရေးဆိုင်ရာ business software တွေအတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့ကြပါတယ်။ အချို့ 3GL ဟာ 4GL ထဲမှာ General Use အနေနဲ့ ပါဝင်လာပါတယ်။

Fifth Generation Language ( 5GL )[ပြင်ဆင်ရန်]

5GL ကတော့ အဓိကအားဖြင့် programmer မလိုပဲနဲ့ program တွေကို တည်ဆောက်ဖို့အတွက် ရည်ရွယ်ထားတာပါ။ 5GL တွေကို အဓိကအားဖြင့် Artificial Intelligence research တွေ မှာ အဓိက အသုံးပြုပါတယ်။ Prolog , OPS5, Mercury တို့က 5GL example တွေပေါ့။

ကိုးကား[ပြင်ဆင်ရန်]

  • saturngod python