မာတိကာသို့ ခုန်သွားရန်

ပရမ်ဆန်ယက်

ဝီကီပီးဒီးယား မှ
ပရမ်ဆန်ယက်
Prem Sanyas
အာရှတိုက်ရဲ့အလင်းရောင်
Seeta Devi and Himanshu Rai in the film
အခြေခံအချက်အလက်
ဒါရိုက်တာFranz Osten
Himansu Rai
ထုတ်လုပ်သူGreat Eastern Film Corporation
Münchner Lichtspielkunst AG
စာရေးသူEdwin Arnold (story)
Niranjan Pal (screenplay)
အခြေခံထားသည်မှာအာရှရဲ့ အလင်းရောင်
သရုပ်ဆောင်Seeta Devi
Himansu Rai
Sarada Ukil
ဂီတမှူးHansheinrich Dransmann
ဓာတ်ပုံWilli Kiermeier
and Josef Wirsching.
ကြာမြင့်ချိန်
97 min
နိုင်ငံWeimar Republic
India
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၂၂ အောက်တိုဘာ ၁၉၂၅ (၁၉၂၅-၁၀-၂၂) (Germany)
  • ၅ ဇူလိုင် ၂၀၀၁ (၂၀၀၁-၀၇-၀၅) (restored version)
ထုတ်ဝေသူMünchner Lichtspielkunst AG
Great Eastern Film Corporation
အာရှတိုက်ရဲ့ အလင်းရောင်

ပရမ်ဆန်ယက် (အာရှတိုက်ရဲ့အလင်းရောင်) (ဂျာမန်ဘာသာစကားဖြင့် - Die Leuchte Asiens) သည် ၁၉၂၅ ခုနှစ်တွင် Franz Osten and Himansu Rai ရိုက်ကူးခဲ့သည့် အသံတိတ်ရုပ်ရှင်တစ်ခု ဖြစ်သည်။ ၎င်းသည် စာရေးဆရာ အက်ဒဝင်အာနိုး Edwin Arnold ရေးသားခဲ့သည့် အာရှတိုက်ရဲ့အလင်းရောင် (၁၈၇၉ ခုနှစ်) စာအုပ်မှ သိဒ္ဓတ္ထဂေါတမမင်းသား၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။ သိဒ္ဓတ္ထဂေါတမသည် ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သူပြီးဖြစ် ဗုဒ္ဓ (ဘုရား) ဖြစ်ခဲ့သူ ဖြစ်သည်။

ထုတ်လုပ်မှု[ပြင်ဆင်ရန်]

ဤရုပ်ရှင်ကို အိန္ဒိယနှင့် ဥရောပတို့က ပူးပေါင်း၍ အိန္ဒိယသရုပ်ဆောင်များနှင့် ဂျာမန်နည်းပညာရှင်များက ရိုက်ကူးခဲ့သည်။ ရိုက်ကူးမှုများကို Lahore တွင် ရိုက်ကူးကြသည်။ Lahoreသည် ယခုအခါ ပါကစ္စတန်နိုင်ငံ ဖြစ်သည်။ နေရာပြင်ဆင်မှုများကို သရုပ်ဆောင်/ဒါရိုက်တာ Himanshu Rai၏ ဇနီးဖြစ်သည့် Devika Rani က ဖန်တီးခဲ့သည်။ ရုပ်ရှင်ကို ၁၉၂၈ ခုနှစ်‌၊ မေလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ Film Arts Guild က ထုတ်ဝေခဲ့သည်။

အနှစ်ချုပ်[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားအကြောင်းကို ရိုက်ကူးထားသည်။ သူသည် ဘဝ၏ ဆင်းရဲဒုက္ခများကို သတိသံဝေဂရကာ တောထွက်၍ တရားထူးတရားမြတ်ကို ရှာဖွေပုံများကို ပုံဖော်ရိုက်ကူးထားသည်။

ပြန်လည်ပြင်ဆင်ခြင်းနှင့် ထုတ်ဝေမှု[ပြင်ဆင်ရန်]

Arte သည် ဤရုပ်ရှင်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။[၁]

သရုပ်ဆောင်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]