ပရန္နဝါ

ဝီကီပီးဒီးယား မှ
Boerhavia diffusa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Caryophyllales
မျိုးရင်း: Nyctaginaceae
မျိုးဇာတ်: Nyctagineae
မျိုးစု: Boerhavia
မျိုးစိတ်:
B. diffusa
ဒွိနာမ
Boerhavia diffusa

ပုံသဏ္ဌာန် : အပင် - အပွင့်ကို လိုက်၍ အပင် သုံးမျိုး ကွဲသည်။ အဖြူ ၊ အနီ ၊ အညို ဖြစ်၍ သုံးမျိုးလုံး အကျိုးပြု သည်။ မြေတွင် ဖြန့်ပေါက် သော နွယ်ပင် မျိုး ဖြစ်သည်။ အရွက် - အဆစ်မှ အရွက် များ မျက်နှာချင်း ဆိုင် ထွက်သော် လည်း တစ်ဖက် တွင် တစ်ရွက် ထွက်၍ အခြား တစ်ဖက် တွင် နှစ်ရွက် ထွက်သည်။ ရွက်ရင်း ကျယ်သော ဘဲဥ ပုံရှိ ရွက်ထိပ် အချို့ ချွန်ပြီး အချို့ ဝိုင်း၏ ။ အရွက် အပေါ် မျက်နှာပြင် ချောမွတ်သည်။ အပွင့် - ပန်းခိုင် ထိပ်တွင် သေးငယ်သော အပွင့် ကလေးများ စု၍ ပွင့်၏ ။ အမျိုး လိုက်၍ အဖြူ ၊ အနီ ၊ အညို အရောင် သုံးမျိုး ကွဲ၏ ။ အသီး - သေးငယ်သည်။ အခန်း ၅ ခန်း ပါရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အမြစ် ၊ အပင်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ မြေပြန့် အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် အလေ့ကျ ပေါက်၏ ။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်း များ အလိုအရ ပရန္နဝါ သည် ခါး၏ ၊ စပ်ရှားရှား ရှိ၏ ၊ ပူ၏ ၊ အသက်ကို ရှည်စေ၏ ။ နှလုံး ရောဂါ ၊ဖောရောင်ခြင်း ၊ ပန်းနာ ၊ လေ ၊ သလိပ်ရောဂါ တို့ကို ပျောက်ကင်း စေနိုင်၏ ။ ဝမ်းမီးကို တောက်စေ၍ ဝမ်းသက်စေ ပြီး ဆီးကို ရွှင်စေသည်။ ချွေးကို ထွက်စေ၍ ရေဖျဉ်း ရောဂါကို နိုင်သော သတ္တိ ရှိ၏။

အသုံးပြုပုံ- အရွက် ၁။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။ ၂။ အရွက်ကို ငါးကြင်း သားနှင့် ချက်စား ပါက ကိုယ်တစ်ခြမ်း သေရောဂါ ပျောက်၏ ။ ၃။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။ ၄။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။ ၅။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်းများ အတွက် အရွက် ကို ထုထောင်း ၍ ကြပ်စည်း ပေးရ၏ ။ အမြစ် ၁။ အမြစ်မှုန့် ကို သကြားနှင့် စားသော် ချောင်းခြောက်ဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းများ ပျောက်၏ ။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာ ရောဂါ ပျောက်၏ ။ အပင် ၁။ ပရန္နဝါ ကို ကြိတ်မှန် ရွက် နှင့် ရောသောက် သော် မီးယပ် ရောဂါ ပျောက်၏။ ၂။ ဒန့်ကျွဲ စေ့နှင့် ရော၍ စားခြင်း ၊ လိမ်းခြင်း ပြုသော် ပွေးနာ ပျောက်၏ ။ ၃။ တောင်သာ ဆရာမ မုန်း၏ ဆေးညွှန်း အရ ` ပရန္နဝါ ပါးပါး လွှာ ၊ သကာ ပျားရည်နှင့် စပ် ၊ ဒန့်သလွန် ပွင့် အုန်းဆံရင့် ချင့်၍ လျော်အောင် စပ်၊ မင်းတုန်းမင်းခေါင် သူသုံး ဆောင်၊ ဘုန်းရောင်နေ သို့တက် ၊ ဒန္တာသံ မှိုနှက် ၊ အသံ ကရဝိတ်ငှက် ၊ ကေသာ ပိတုန်းရောင် နက်´ ဟူ၍ ဖော်ပြ ထားသည်ကို တွေ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=61[လင့်ခ်သေ]