ပန်းတောင်းဆရာတော်
ရှင်ဝါသဝ (၁၂၃၆ − ၁၃၂၀) သည် “ပန်းတောင်းဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ ဆရာတော်သည် အုဂ်ဖိုရ်ဆရာတော်၏ တပည့် ဖြစ်သည်။ [၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၂၃၆ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်နေ့တွင် ပန်းတောင်းမြို့၊ ကြခပ်ရပ်၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးမိုးနှင့် ဒေါ်ပန်း ဖြစ်သည်။ [၁]
ဘွဲ့တော်
[ပြင်ဆင်ရန်]၁၂၅၅ ခုနှစ်တွင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့ပြီး “ရှင်ဝိစိတ္တ” ဟူသည့် ဘွဲ့ကို ခံယူခဲသည်။ သို့ရာတွင် လက်ပံလှသို့ စာသင်ကြွတော်မူသည့်အခါ အင်္ဂပူဆရာတော်နှင့် ဘွဲ့ချင်းတူနေသဖြင့် “ရှင်ဝါသဝ” ဟူသည့် ဘွဲ့သို့ ပြောင်းခဲ့သည်။
ဆရာတော်သည် လက်ပံလှရွာ၌ ၂ ဝါသီတင်းသုံးတော်မူပြီးနောက် မုံရွာမြို့တွင် ၁ ဝါ သီတင်းသုံးခဲ့သည်။ ၁၁ ဝါမြောက်မှစကာ ကျောင်းထိုင်နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၂၉၅ ခုနှစ်တွင် ဆရာတော်သည် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ် ရခဲ့သည်။ ဒွါရမဟာနိကာယ၏ ဆဋ္ဌမမြောက် သာသာပိုင်ဆရာတော်ဖြစ်ခဲ့၍ နိုင်ငံတော်မဟာနာယက ဆဋ္ဌသံဂါယနာဩဝါဒါစရိယသံဃမဟာနာယကအဖြစ်လည်း တင်မြှောက်ခြင်း ခံခဲ့ရသည်။ [၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၃၂၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၂ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သသည်။ [၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုခဲ့သည်။
၁။ ဝိနိစ္ဆယဆောင်ပါးများ၊
၂။ ယုဝတ္တဒီပက၊
၃။ သုပ္ပဋီကာ၊
၄။ အဘိဓမ္မတ္ထသာရမေဒနီ၊
၅။ ဝိပဿနာဉာဏသံဃီယီတိဝါ၊
၆။ ယထာဝဗောဓနစာတမ်း။ [၁]