ပဒုမပုပ္ဖိယ

ဝီကီပီးဒီးယား မှ

အရှင်ပဒုမပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဖုဿမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ဖုဿမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်ပဒုမပုပ္ဖိယထေရ် သည် ကြာတောကြာရုံသို့ ဝင်ကာ ပဒုမ္မာကြာတို့ကို ချိုး၏။ ထိုအခါ ကြာတောတွင် ဖုဿမြတ်စွာဘုရားကို မြင်၏။ ထို့နောက် ပဒုမ္မာကြာပန်းတို့ဖြင့် မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။ ထို့နောက် လူ့ဘောင်ကို စွန့်ကာ သာသနာ့ဘောင်သို့ ရှင်အဖြစ် ဝင်ရောက်ခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပဒုမ္မာကြာပန်းကို လှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် တစ်ဆယ့်ရှစ်ကမ္ဘာထက်တွင်လည်း “ပဒုမာဘာသ”အမည်ဖြင့် စကြဝတေးမင်း ရှစ်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပဒုမပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်