ပဒသညက

ဝီကီပီးဒီးယား မှ

အရှင်ပဒသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုမြတ်စွာဘုရား နင်းတော်မူ၌ ထင်သွားသော ခြေရာကို အရှင်ပဒသညကထေရ် သည် ဖူးမြင်ခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် ဘုရားရှင်၏ ခြေတော်ရာကို ဖူးမြင်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ခုနစ်ကမ္ဘာထက်တွင် “သုဓေ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပဒသညကထေရ်အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်