ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ညီလာခံ

ဝီကီပီးဒီးယား မှ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူသော ပထမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအေဝးကို ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ခန်းမ၌ စတင်ကျင်းပသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်[ပြင်ဆင်ရန်]

သဘာပတိ ရွေးချယ်တင်မြှောက်[ပြင်ဆင်ရန်]

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိတင်မြှောက်ကြရာ သဘာပတိလောင်းအမည် စာရင်းတင်သွင်းသည့် အရေအတွက် နှစ်စောင်ဖြစ်သော်လည်း တင်သွင်းသူ နှစ်ဦးစလုံးက ဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဦး တစ်ဦးတည်းဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးအား ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၏ သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။ ထို့နောက် ဦးဌေးဦးက သဘာပတိအဖြစ်နေရာယူပြီး နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်၍ သဘာပတိက ပြည်သူ့လွှတ်တော်၏ ရှေ့မှောက်တွင် သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ခြင်း[ပြင်ဆင်ရန်]

အစီအစဉ်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ခြင်း ဆောင်ရွက်ရာတွင် ဇေယျာသီရိ မဲဆန္ဒနယ်မှ သူရဦးရွှေမန်းကို ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးသိန်းစိန်က အမည်စာရင်းတင်သွင်းပြီး တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်းက ထောက်ခံ၍လည်းကောင်း၊ ပန်းတနော် မဲဆန္ဒနယ်မှ ဦးမန်းမောင်မောင်ဉာဏ်ကို မော်လိုက်မဲဆန္ဒနယ်မှ ဦးသောင်းက အမည်စာရင်းတင်သွင်းပြီး ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးမောင်ဦးကထောက်ခံ၍လည်းကောင်း တင်သွင်းကြသည်။


အစီအစဉ်အရ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရာ ဒဂုံမဲဆန္ဒနယ်မှ ဦးနန္ဒကျော်စွာကို ပုလဲမဲ ဆန္ဒနယ်မှ ဦးကျော်ဆန်းက အမည်စာရင်းတင်သွင်းပြီး ကျောက်ဆည်မဲဆန္ဒနယ်မှ ဦးသောင်းကထောက်ခံ၍ လည်းကောင်း၊ ကျောက်မဲ မဲဆန္ဒနယ်မှ ဦးနယ်လ်ဆင် (ခ)ဦးဆောင်ဆီကို နမ့်ခမ်းမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုန်းက အမည်စာရင်းတင်သွင်းပြီး လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းလှကျော်ကထောက်ခံ၍ လည်းကောင်း၊ ကျောက်မဲ မဲဆန္ဒနယ်မှ ဦးနယ်လ်ဆင်(ခ)ဦးဆောင်ဆီကို ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော်က အမည်စာရင်းတင်သွင်းပြီး ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံက ထောက်ခံ၍လည်းကောင်း၊ ပန်းတနော် မဲဆန္ဒနယ်မှ ဦးမန်းမောင်မောင် ဉာဏ်ကို မိုးမိတ်မဲဆန္ဒနယ်မှ ဦးကျော်မြင့်(ခ)ဦးဖိုးတုတ်က အမည်စာရင်းတင်သွင်းပြီး နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့် ကထောက်ခံ၍လည်းကောင်း အသီးသီးတင်သွင်းကြရာ အမည်စာရင်းတင်သွင်းခံရသည့် ဒုတိယဥက္ကဋ္ဌလောင်းမှာ စုစုပေါင်း ၃ ဦးဖြစ်သည်။ သို့ဖြစ်သောကြောင့် ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေးကြသည်။

ဦးနန္ဒကျော်စွာက ၃၆၈ မဲ၊ ဦးနယ်လ်ဆင်(ခ)ဆောင်ဆီက ၄၅ မဲ၊ ဦးမန်းမောင်မောင်ဉာဏ်က ၁၅ မဲ ရရှိသဖြင့် သဘာပတိက ဦးနန္ဒကျော်စွာအား ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်သည်။ ၎င်းနောက်ရွေးကောက်ခံ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး လွှတ်တော် ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။ ထို့နောက် သဘာပတိ ဦးဌေးဦးက ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တာဝန်လွှဲအပ်သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်[ပြင်ဆင်ရန်]

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူသော ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်တွင် နပြေည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ခန်းမ၌ စတင်ကျင်းပသည်။ အစည်းအေဝးသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ရှေးဦးစွာ တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက သဘာပတိတင်မြှောက်ကြရာ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ဦးခက်ထိန်နန်ကို အမည်စာရင်းတင်သွင်းသဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်အား အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး၏ သဘာပတိအဖြစ် ရွေးချယ်တင် မြှောက်ကြသည်။ ထို့နောက် ဦးခက်ထိန်နန်က သဘာပတိအဖြစ် နေရာယူပြီး နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ သဘာပတိက ပထမအကြိမ် အမျိုးသားလွှတ်တော်၏ ရှေ့မှောက်တွင် သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြု လွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။


အစီအစဉ်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းကို ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဦးခင်အောင်မြင့်ကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက အမည်စာရင်းတင်သွင်းပြီး ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဦးခင်မောင်ရီကထောက်ခံ၍ တင်သွင်းသည်။ အမည်စာရင်းတင်သွင်းခံရသည့် ဥက္ကဋ္ဌလောင်းမှာ ဦးခင်အောင်မြင့် တစ်ဦးတည်းဖြစ်သည်။ ထို့ကြောင့် သဘာပတိက ဦးခင်အောင်မြင့်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း ကြေညာသည်။


အစီအစဉ်အရ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် ရာ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၇) မှ ဦးဗညားအောင်မိုးကို ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀) မှ ဦးမင်းမျိုးတင့်လွင်က အမည်စာရင်းတင်သွင်းပြီး မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ ဦးကျော်သိန်းက ထောက်ခံ၍လည်းကောင်း၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဗညားအောင်မိုးကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃) မှ ဦးခင်မောင်က အမည်စာရင်းတင်သွင်းပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ ဦးမောင်စောဖြူက ထောက်ခံ၍ လည်းကောင်း၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၇) မှ ဦးဗညားအောင်မိုးကို ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၂)မှ ဦးစိုင်းကျော်ဇောသန်းက အမည်စာရင်းတင်သွင်းပြီးရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၄) မှ ဦးစိုင်းသန့်ဇင် က ထောက်ခံ၍လည်းကောင်း၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇) မှ ဦးဗညားအောင်မိုးကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၄) မှ ဒေါက်တာ မြတ်ဉာဏစိုးက အမည် စာရင်းတင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဦးဖုန်းမြင့်အောင်က ထောက်ခံ၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ ဦးမြညိမ်း ကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ ဦးစောမော်ထွန်းက အမည်စာရင်း တင်သွင်းပြီး ရှမ်းပြည်နယ် မဲဆန္ဒ နယ်အမှတ် (၁) မှ ဦးဉာဏ်လင်းက ထောက်ခံ၍ လည်းကောင်း အသီးသီးတင်သွင်းကြရာ အမည်စာရင်းတင် သွင်းခံရသည့် ဒုတိယဥက္ကဋ္ဌလောင်းမှာ နှစ်ဦးဖြစ်သည်။ သို့ဖြစ်သောကြောင့် ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲ ပေးကြသည်။


ဦးဗညားအောင်မိုးက ၃၂ မဲ၊ ဦးမြညိမ်းက ၁၉၁ မဲ ရရှိသဖြင့် သဘာပတိက ဦးမြညိမ်းကို ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်သည်။


၎င်းနောက်ရွေးကောက်ခံ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ သည် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး လွှတ်တော်ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။ ထို့နောက် သဘာပတိ ဦးခက်ထိန်နန်က ဥက္ကဋ္ဌ ဦးခင် အောင်မြင့်ထံ တာဝန်လွှဲအပ်သည်။ ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော် နာယက၏ ဖိတ်ကြားချက်အရ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအေဝးကို ဇန်နဝါရီလ ၃၁ ရက်တွင် နပြေည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော်ခန်းမ၌ စတင်ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ဦးခင်အောင်မြင့်က ဆောင်ရွက်သည်။


ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကက နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်၍ နာယကက နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့နှင့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင်ပါဝင်သော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ တို့က အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင် မြှောက်ရန်အတွက် အစုအဖွဲ့အစည်းအေဝးများကို ဖေဖော် ဝါရီလ ၁ ရက်တွင် ကျင်းပရန် သတ်မှတ်ကြေညာသည်။ အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက် ပြီးပါက ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတ လောင်းတစ်ဦးစီ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့တွင်ပါဝင်သော ပြည်ထောင်စု လွှတ်တော် နာယကထံတင်ပြရန်နှင့် ဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရန်အတွက် ပြည် ထောင်စုလွှတ်တော် အစည်းအေဝးကို ရပ်နားထားမည်ဖြစ် ကြောင်း ကြေညာသည်။


ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအေဝး၏ ဒုတိယနေ့အဖြစ် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့အစည်းအေဝးကို နပြေည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ခန်းမ၌ ဆက်လက်ကျင်းပသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို အခမ်းအနားမှူးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တင်ပြခြင်းများ ဆက်လက် ဆောင်ရွက်ကြသည်။


ယင်းနောက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတအတွက် သတ်မှတ် ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိမရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင်ပါဝင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ဦးကို ရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ရာတွင် ကျောက်ဆည်မဲဆန္ဒနယ်မှ ဦးသောင်းကို ဟင်္သာတမဲဆန္ဒ နယ်မှ ဦးဌေးဦးက အဆိုတင်သွင်းပြီး တောင်ငူမဲဆန္ဒနယ်မှ ဦးအောင်မင်းက ထောက်ခံ၍လည်းကောင်း၊ ကျောက်မဲ မဲဆန္ဒနယ်မှ ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီကို အလုံ မဲဆန္ဒနယ်မှ ဦးခင်မောင်ရည် (ခ) ခိုင်မောင်ရည်က အဆို တင်သွင်းပြီး ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ထောက်ခံ၍ လည်းကောင်း တင်ပြကြသည်။


အမည်စာရင်း တင်သွင်းခံရသူနှစ်ဦးရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရာ ဦးသောင်းက ထောက်ခံမဲ ၂၈၀ မဲ၊ ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီက ၄၄ မဲရရှိကြသဖြင့် ဦးသောင်းကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်းကြေညာသည်။ ထိုအဖွဲ့၌ ပြည်ထောင်စု လွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးသော တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးတို့ ပါဝင်မည်ဖြစ်သည်။


ယင်းနောက် အဆိုပြုလွှာများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က စိစစ်နိုင်ရန်နှင့် ဒုတိယ သမ္မတလောင်းများအမည်စာရင်းကို ပြုစုနိုင်ရန် အစည်း အေဝးကို တစ်ရက်ရပ်နားမည်ဖြစ်ကြောင်း ကြေညာသည်။ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအေဝး၏ ဒုတိယနေ့အဖြစ် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့အစည်းအေဝးကို နပြေည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ခန်းမ၌ ဆက်လက်ကျင်းပသည်။


ထို့နောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့်အဆိုပြုလွှာကို အခမ်း အနားမှူးမှတစ်ဆင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို တင်ပြခြင်းများ ဆက်လက် ဆောင်ရွက်ကြသည်။


ယင်းနောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတအတွက် သတ်မှတ် ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိမရှိ စိစစ်နိုင် ရန် စိစစ်ရေးအဖွဲ့တွင်ပါဝင်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ကြသည်။


ထိုသို့ရွေးချယ်ရာတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဦးမျိုးမြင့်ကို ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က သဘောတူသည့်အတွက် ဦးမျိုးမြင့်ကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့်ပြည့်စုံမှု ရှိမရှိ စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း ကြေညာသည်။


ယင်းနောက် အဆိုပြုလွှာများကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့က စိစစ်နိုင်ရန်နှင့် ဒုတိယသမ္မတလောင်းများအမည်စာရင်းကို ပြုစုနိုင်ရန် အစည်းအဝေးကို တစ်ရက်ရပ်နားမည်ဖြစ်ကြောင်း ကြေညာ သည်။


ပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပလျက်ရှိရာ ဒုတိယနေ့အဖြစ် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သော တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအေဝးကို ဖေဖော်ဝါရီလ ၁ ရက်တွင် နပြေည်တော်ရှိ အနော်ရထာ ခန်းမ၌ ဆက်လက်ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အနဖြေင့် ဒုတိယသမ္မတရွေးချယ်တင်မြှောက်ခြင်းအား ဆောင်ရွက်သည်။


သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယနေ့အစည်းအေဝးကို ဖေဖော်ဝါရီလ ၃ ရက် ပြည်သူ့လွှတ် တော်ခန်းမ၌ကျင်းပရာ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအေဝး ပထမနေ့ ၁-၂-၂၀၁၁၌ ကိုယ်စားလှယ်များ အဆို တင်သွင်းထားသည့် ဒုတိယသမ္မတ လောင်းနှစ်ဦး၏ အမည်စာရင်းကို ကြေညာ သည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဒုတိယသမ္မတလောင်းနှစ်ဦးအား နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် သတ် မှတ်ထားသည့် အရည် အချင်းများနှင့် ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရေးအဖွဲ့က စိစစ် ရာတွင် ပြည့်စုံမှုရှိသည်ကို တွေ့ရှိရကြောင်း ကြေညာသည်။ ယင်းနောက် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူ နှစ်ဦးအနက် တစ်ဦးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် လျှို့ဝှက် ဆန္ဒမဲပေးကြသည်။ ထိုတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများလည်း ကိုယ်စားလှယ်များနှင့်အတူ ဆန္ဒမဲပေး ကြသည်။


ဆန္ဒမဲပေးပြီးနောက် ဆန္ဒမဲပုံးများကို ကိုယ်စားလှယ် များရှေ့မှောက် တွ င် ဖွ င့် လှ စ် ပြီး သက် ဆို င် ရာနည်း ဥပဒေ များနှင့်အညီ စိစစ်ရေတွက်သည်။ ထို့နောက် ဒုတိယသမ္မတလောင်းများရရှိသည့် ထောက်ခံဆန္ဒမဲ အများအနည်းအလိုက် အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအတည်ပြုချက်ရယူပြီး လက်မှတ်ရေးထိုး မှတ်တမ်းတင်သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးသိန်းစိန်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ကြောင်း ကြေညာကာ ဦးသိန်းစိန်၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြေညာသည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယနေ့အစည်းအေဝးကို ဖေဖော်ဝါရီလ ၃ ရက် အမျိုးသားလွှတ်တော်ခန်းမ၌ကျင်းပရာ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအေဝး ပထမနေ့ (၁-၂-၂၀၁၁)၌ ကိုယ်စားလှယ်များ အဆိုတင်သွင်းထားသည့် ဒုတိယသမ္မတလောင်းနှစ်ဦး၏ အမည်စာရင်းကို ကြေညာ သည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဒုတိယသမ္မတလောင်းနှစ်ဦးကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် သတ်မှတ်ထားသည့် အရည် အချင်းများနှင့် ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရေးအဖွဲ့က စိစစ်ရာ တွင် ပြည့်စုံမှုရှိသည်ကို တွေ့ရှိရကြောင်း ကြေညာသည်။ ယင်းနောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ဒုတိယသမ္မတလောင်းအဖြစ် အမည် စာရင်းတင်သွင်းခံရသူ နှစ်ဦးအနက် တစ်ဦးကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် လျှို့ဝှက်ဆန္ဒမဲ ပေးကြသည်။ ထိုတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များလည်း ကိုယ်စားလှယ်များနှင့်အတူ ဆန္ဒမဲပေးကြသည်။ ဆန္ဒမဲပေးပြီးနောက် ဆန္ဒမဲပုံးများကို ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် တာဝန်ရှိ လွှတ်တော်ရုံး ဝန်ထမ်းကဖွင့်လှစ်ပြီး သက်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ စိစစ်ရေတွက်သည်။ ထို့နောက် ဒုတိယသမ္မတလောင်းများရရှိသည့် ထောက်ခံဆန္ဒမဲ အများအနည်းအလိုက် အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌထံတင်ပြ အတည်ပြုချက်ရယူပြီး လက်မှတ်ရေးထိုးမှတ်တမ်းတင်သည်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒေါက်တာ စိုင်းမောက်ခမ်း(ခ) မောင်အုန်းကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ကြောင်းကြေညာကာ ဒေါက်တာ စိုင်းမောက်ခမ်း(ခ) မောင်အုန်း၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြသွားမည်ဖြစ် ကြောင်း ကြေညာသည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ သည် နပြေည်တော်ရှိ အနော်ရထာခန်းမ၌ ဖေဖော်ဝါရီလ ၃ ရက်တွင် အစည်းအေဝးကျင်းပ၍ ဒုတိယသမ္မတရွေး ချယ်တင်မြှောက်ခြင်းကို ဆောင်ရွက်ခဲ့ရာ ဒုတိယသမ္မတ အဖြစ် သီဟသူရဦးတင်အောင်မြင့်ဦးအား ကိုယ်စား လှယ်အားလုံးက ရွေးချယ်တင်မြှောက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး ပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့အစည်း အေဝးကို ဖေဖော်ဝါရီလ ၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အစုအဖွဲ့အသီးသီးက ရွေးချယ်တင်မြှောက်ပေးခဲ့သည့် ဒုတိယသမ္မတများအား နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ/မရှိ စိစစ်ရေးအဖွဲ့က စိစစ်ရာပြည့်စုံမှု ရှိသည်ကို တွေ့ရှိရကြောင်း ကြေညာသည်။ ၎င်းနောက် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင် များသည် နိုင်ငံတော်သမ္မတလောင်းများဖြစ်ကြသော ဒုတိယသမ္မတ ၃ ဦးအနက် တစ်ဦးအား နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယကအပါအဝင် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင် များရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးကြ သည်။ ထိုသို့ ဆန္ဒမဲပေးရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကတို့သည်လည်း သမ္မတရွေး ချယ်တင်မြှောက်ရေးအဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲပေးကြ သည်။ ဆန္ဒမဲပေးပြီးနောက် ဆန္ဒမဲပုံးများကို သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့ဝင်များရှေ့မှောက်၌ ဖွင့်လှစ်ပြီး သက်ဆိုင်ရာနည်းဥပဒေများနှင့် အညီ စိစစ်ရေတွက်သည်။ ထို့နောက် ဒုတိယသမ္မတများရရှိသည့် ထောက်ခံ ဆန္ဒမဲ အများအနည်းအလိုက် အမည်စာရင်းကို စိစစ်ရေး အဖွဲ့ဝင်အားလုံးက လက်မှတ်ရေးထိုးမှတ်တမ်းတင်ပြီး ပြည်ထောင်စုလွှတ်တော်နာယကက အတည်ပြုလက်မှတ် ရေးထိုးသည်။ ယင်းနောက် လွှတ်တော်နာယကက သမ္မတလောင်း တစ်ဦးချင်းရရှိသည့် ထောက်ခံဆန္ဒမဲအများအနည်းအလိုက် အမည်စာရင်းကို ကြေညာသည်။ ပြည်ထောင်စုလွှတ်တော်နာယကက ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာသည်။ ဆက်လက်၍ သီဟသူရဦးတင်အောင်မြင့်ဦး နှင့် ဒေါက်တာစိုင်းမောက်ခမ်း (ခ) မောင်အုန်းတို့အား ဒုတိယသမ္မတများဖြစ်ကြောင်း ကြေညာသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအေဝး ဒုတိယနေ့ကို ဖေဖော်ဝါရီလ ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ အစီအစဉ်အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူက ပြည်ထောင်စုအစိုးရဝန်ကြီး ဌာန အရေအတွက်ကို ၃၄ ဌာနဖြင့် သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးဦးရေကို ၃၀ သတ်မှတ်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။၎င်းနှင့်ပတ်သက် ၍ ဆွေးနွေးရန်ရှိပါက ဖေဖော်ဝါရီ လ ၉ ရက် အစည်း အေဝးတွင် ဆွေးနွေးနိုင်ကြောင်း နာယကက သတ်မှတ် ကြေညာသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝးတတိယနေ့ကို ဖေဖော်ဝါရီလ ၉ ရက် တွ င် ပြည် ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစီအစဉ်အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ခဲ့သည့် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနအရေအတွက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြရန် လွှတ်တော်နာယကက ဖိတ်ခေါ်သည်။ ထို့နောက် ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထား သည့် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ် Óဏစိုး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးသိန်းစိန်တို့က ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက တင်ပြသော ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန ၃၄ ဌာနသတ်မှတ်ခြင်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်ဆန္ဒမဲပေးကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ထားသည့် ပြည်ထောင်စုဝန်ကြီးဦးရေ ၃၀ သတ်မှတ်နိုင် ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော် နာယကက ဖိတ်ခေါ်သည်။ဆွေးနွေးရန်အမည် စာရင်းတင် သွင်းထားသည့် ချင်းပြည်နယ်ဖလမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခွန်လိန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၄) မှ ဒေါက်တာ မြတ်Óဏစိုး တို့က ဆွေးနွေးကြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝး စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် နပြေည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဖွဲ့စည်းရန် ရွေးချယ်ထားသည့်အဖွဲ့ဝင် ၉ ဦး၏အမည်စာရင်းနှင့် ယင်းတို့အနက် ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝးပဉ္စမနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် နပြေည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ ထိုအစည်း အေဝးမှနေ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဖွဲ့စည်းရန် ရွေးချယ်ထားသည့် အဖွဲ့ဝင် ၉ ဦး၏ အမည် စာရင်းနှင့် ယင်းတို့အနက် ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးရေသတ်မှတ်နိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြည် ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးရေ သတ်မှတ်ရေးအတွက်ပြည်ထောင်စု လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးရေ သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝးသတ္တမနေ့ကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် နပြေည်တော် ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးရေ သတ်မှတ်ရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူသည်။ ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေး သင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝး အဋ္ဌမနေ့ကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နပြေည်တော် ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်း အေဝးတွင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည် စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝး နဝမနေ့ကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ် ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စု ရှေ့ နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအေဝးဒသမနေ့ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ ကျင်းပသည်။

အစည်းအေဝးတွင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည် ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝး ၁၁ ရက် မြောက်နေ့ကို ဖေဖော်ဝါရီလ ၂၂ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်၏ အမည်စာရင်း ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝး ၁၂ ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်း အေဝးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အေဝး ၁၃ ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအေဝးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်အလိုက် ကော်မတီများဖွဲ့စည်းရန်နှင့် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်အစည်းအေဝးများကို ၂၀၁၁ ခုနှစ် မတ်လ ၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ် တော်က ဆုံးဖြတ်သည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအေဝး ဒုတိယနေ့ကို မတ်လ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ခန်းမ၌ ကျင်းပသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့ လွှတ်တော်ဥပဒကြေမ်းကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် ပါဝင်သင့်သည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ်အမျိုးသားလွှတ်တော် ပုံမှန်အစည်း အေဝး ဒုတိယနေ့ကို မတ်လ ၁ ရက်တွင် အမျိုးသား လွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစည်းအေဝးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစီအစဉ်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒကြေမ်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဥပဒကြေမ်းကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်မဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အမျိုးသားလွှ တ် တော် ဥက္က ဋ္ဌက အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီဖွဲ့စည်းနိုင်ရန်အတွက် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏အမည်စာရင်းကို အမျိုးသား လွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအေဝး တတိယနေ့ကို မတ်လ ၃ ရက်တွင် နပြေည်တော်ရှိ ပြည်သူ့လွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့ငွေစာရင်း ကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင် ၁၁ ဦး၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြ သည်။ ကိုယ်စားလှယ်များက အတည်ပြုသည့်အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်း အေဝးတတိယနေ့ကို မတ်လ ၃ ရက်က နပြေည်တော်ရှိ အမျိုးသားလွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထိုကော်မတီတွင် အဖွဲ့ဝင် ၁၅ ဦးနှင့် ဖွဲ့စည်းရန်နှင့် ထို အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြကာ အတည်ပြုချက်ရယူသည်။ အမျိုးသားလွှတ်တော်က အတည်ပြုပေးသည့်အတွက် ပြည်သူ့ငွေစာရင်းကော်မတီကို ဖွဲ့စည်းသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအေဝး စတုတ္ထနေ့ကို မတ်လ ၄ ရက်တွင် ပြည်သူ့လွှတ်တော် ခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် လွှတ်တော်အခွင့်အရေးကော်မတီ၌ ပါဝင် သင့်သည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ်ပါဝင်သင့်သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း၊ ကော်မတီကို တာဝန်ယူဦးဆောင်မည့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှ တ်တော် က အတည်ပြုသဖြင့် လွှတ်တော်အခွင့်အရေးကော်မတီကို ဖွဲ့စည်းသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်း အေဝးစတုတ္ထနေ့ကို မတ်လ ၄ ရက်တွင် အမျိုးသား လွှတ်တော်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ ငွေစာရင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ် ထားသော ပဲခူးတိုင်းဒေသကြီး မဲဆနန္ဒနယ်အမှတ် (၇) မှ ဒေါ်ချိုနွယ်ဦးသည် မွေးဖွားစဉ်က ဖခင်ဖြစ်သူမှာ နိုင်ငံသား မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ အကြောင်းကြားလာသဖြင့် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ (စ) အရ ဒေါ်ချိုနွယ်ဦးသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ပါသဖြင့် ပြည်သူ့ ငွေစာရင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်တာဝန်ပေးအပ် ထားသော ဒေါ်ချိုနွယ်ဦးအစား ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဦးခင်မောင်လေးအား အစားထိုးရွေးချယ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။ အမျိုးသားလွှတ်တော်က သဘောတူသည့် အတွက် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဦးခင်မောင်လေး အား အဖွဲ့ဝင်အဖြစ် အမျိုးသားလွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။ အစီအစဉ်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် လွှတ်တော်အခွင့်အရေးကော်မတီ၌ ပါဝင် သင့်သည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ် ပါဝင်သင့်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း၊ ကော်မတီ ကို တာဝန်ယူဦးဆောင်သည့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို လွှတ်တော် သို့တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ရယူသည်။ ၎င်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်က အတည်ပြု သဖြင့် လွှတ်တော်အခွင့်အရေးကော်မတီကို ဖွဲ့စည်းသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်း အေဝးပဉ္စမနေ့ကို မတ်လ ၇ ရက်တွင် ပြည်သူ့လွှတ် တော်ခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်း ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။ ထို့နောက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ၁၅ ဦးထက်မပိုသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ကော်မတီတွင် ပါဝင်သည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်အဖြစ်ပါဝင်သင့်သည့် လွှတ်တော်ကိုယ် စားလှယ်များ၏ အမည်စာရင်း၊ ကော်မတီကို တာဝန်ယူ ဦးဆောင်သည့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုသည့်အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုကြောင်းကြေညာသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အစည်း အေဝး ပဉ္စမနေ့ကို မတ်လ ၇ ရက်တွင် အမျိုးသား လွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။ ထို့နောက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ၁၅ ဦးထက်မပိုသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ်ပါဝင်သင့်သည့် လွှတ်တော်ကိုယ်စားလှယ်များ ၏ အမည်စာရင်း၊ ကော်မတီကို တာဝန်ယူဦးဆောင်မည့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများ ကို လွှတ်တော်သို့ တင်ပြသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အတည်ပြုသည့်အတွက် အမျိုးသား လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်း အေဝးများ၏ ပဉ္စမနေ့တွင် ကော်မတီအသီးသီးကို ဖွဲ့စည်း နိုင်ခဲ့သည်။ အစည်းအေဝး၏ ဆဋ္ဌမနေ့တွင် မေးခွန်းများ မေးမြန်းခြင်း၊ ဖြကြေားခြင်း၊ အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့်ကို ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းလုပ်ငန်းများအား ပြည်သူ့လွှတ်တော် ပုံစံတစ်ရပ်အနဖြေင့် စတင်လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့ပင် ပထမအကြိမ် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအေဝးများ၏ ပဉ္စမနေ့တွင် ကော်မတီအသီးသီးကို ဖွဲ့စည်းနိုင်ခဲ့သည်။ အစည်းအေဝး၏ ဆဋ္ဌမနေ့တွင် မေးခွန်း များမေးမြန်းခြင်း၊ ဖြကြေားခြင်း၊ အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့်ကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းလုပ်ငန်းများအား အမျိုးသား လွှတ်တော်ပုံစံတစ်ရပ်အနဖြေင့် စတင်လုပ်ဆောင်လာခဲ့ သည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအေဝး ဆဋ္ဌမနေ့ကို မတ်လ ၉ ရက်တွင် နပြေည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များက မေးမြန်းထားသည့် မေးခွန်းများအနက် စိစစ်ခွင့် ပြုသင့်သည့် ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြောကြားခြင်းများ ဆောင်ရွက်ကြသည်။ မြောက်ဦးမဲဆန္ဒနယ်မှ ဦးအောင်ထွန်းသာ၏ မေးမြန်းချက်ကို ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးခင်အောင်မြင့်ကလည်းကောင်း၊ ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးအောင်ဇင်နှင့် သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်း (ခ) ဦးမင်းထွန်းတို့၏ မေးမြန်းချက်များကို လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဌေးဦးက လည်းကောင်း ဖြကြေားသည်။ အဆိုတင်သွင်းခြင်းများနှင့်ပတ်သက်၍ မြေပုံမဲဆန္ဒ နယ်မှ ဦးဖေသန်း၏အဆိုကို အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ က ထောက်ခံ၍လည်းကောင်း၊ နမ့်ခမ်းမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုန်း၏အဆိုကို ဖလမ်း မဲဆန္ဒနယ်မှ ဦးခွန်လိန်းကထောက်ခံ၍လည်းကောင်း၊ တန့်ယန်းမဲဆန္ဒ နယ်မှ ဦးထွန်းဆာ (ခ) စိုင်းထွန်းဝင်း၏ အဆိုကို သီပေါမဲ ဆန္ဒနယ်မှ ဦးရဲထွန်း (ခ) ဦးမင်းထွန်းက ထောက်ခံ၍ လည်းကောင်း၊ ဟားခါးမဲဆန္ဒနယ်မှ ဦးငွေမောင်း၏ အဆိုကို သိနီ္နမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းခိုင်က ထောက်ခံ၍လည်း ကောင်း အဆိုတင်သွင်းကြသည်။ ယင်းအဆိုများကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ဆန္ဒကိုရယူရာ လွှတ်တော်က လက်ခံဆွေး နွေးရန် သင့်ကြောင်းတင်ပြသဖြင့် လက်ခံဆွေးနွေးရန်နေ့ရက် များကို ချိန်းဆိုသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အစည်း အေဝး ဆဋ္ဌမနေ့ကို မတ်လ ၉ ရက်တွင် နပြေည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှ တ် တော်ခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားသည့်မေးခွန်းများအနက် စိစစ်ခွင့်ပြုသင့် သည့် ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာအမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်က ဖြကြေားခြင်းများ ဆောင်ရွက်ကြသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၄) မှ ဒေါက်တာမြတ်Óဏစိုး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးစံထွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) မှ ဦးပေါလ်ထန်ထိုင်း တို့၏ မေးမြန်းချက်များကို ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဇော်က ဖြကြေား သည်။

ထို့နောက် အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ ဦးစတီဗင်သာဘိတ် ၏ အဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးဖုန်းမြင့်အောင်က ထောက်ခံ၍လည်းကောင်း၊ ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးပေါ်လျှံလွင်၏အဆိုကို ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးပေါထန်ထိုင်းက ထောက်ခံ၍လည်းကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) မှ ဦးစတီဗင်သာဘိတ်၏အဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဂမ်ဆိုင်းက ထောက်ခံ၍လည်း ကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးပေါ်လျှံလွင်၏အဆိုကို မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာ ဗညားအောင်မိုးက ထောက်ခံ၍လည်း ကောင်း အဆိုများတင်သွင်းကြသည်။ ယင်းအဆိုများကို လွှတ်တော်က လက်ခံဆွေးနွေးတင်သွင်းရန် သင့်၊ မသင့် အမျိုးသားလွှတ်တော်ဆန္ဒကိုရယူရန် လွှတ်တော်ကသဘောတူ သည့်အတွက် လက်ခံဆွေးနွေးရန် နေ့ရက်များကိုချိန်းဆိုသည်။ မတ်လ ၁၀ ရက်က နပြေည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ခန်းမ၌ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအေဝး၏ သတ္တမနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော မေးခွန်းများကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနနှင့်သက်ဆိုင်သောမေးခွန်းများကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ဝန်ကြီ ဦးလှထွန်းက လည်းကောင်း ပြန်လည် ဖြကြားပေးသည်။