ပထမဆုံး​အမျိုး​သမီး​တပ်ခွဲ သင်တန်း​ဆင်း​ပွဲ

ဝီကီပီးဒီးယား မှ

ပထမဆုံးအမျိုးသမီးတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် ( ၁၈ - ၆ - ၁၉၈၅ )[ပြင်ဆင်ရန်]

၁၉၈၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် မင်္ဂလာဒုံ၌ တပ်မတော် ( ကြည်တပ် ) အမှတ်( ၁ ) လေ့ကျင့်ရေးတပ် ပထမပတ် အမျိုးသမီးတပ်ခွဲ ကျောင်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း နောက်တစ်နေ့၌ ဟံသာဝတီသတင်းစာတွင် သတင်းဖော်ပြပါရှိသည် ။ အမျိုးသမီးတပ်ခွဲ သင်တန်းဆင်းပွဲကို ဗိုလ်ကြီးဒေါ်ကြင်စီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်း အမျိုးသမီး စစ်သမီးပေါင်း ၁၈၈ ဦးရှိသည်ဆိုသည် ။ ယင်းအခမ်းအနားသို့ မြန်မာ့တပ်မတော် စစ်သေနာပတိကိုယ်စားတက်ရောက်ကာ ထူးချွန်သူစစ်သမီးများအား နာမည်ကောင်း လက်မှတ်ဆုများ ပေးအပ်ခဲ့ကြောင်း ဖော်ပြထား၏ ။ စံပြတပ်သူဆုကိုမတင်လှ ( မုဒုံ )ကလည်းကောင်း ၊ စစ်သည်တော် ကျင့်ဝတ်ထူးခြားစွာဖြေဆိုအောင်မြင်ဆုကို မတင်လှ ( မုဒုံ )ကလည်းကောင်း ၊ စည်းကမ်သေဝပ်ဆုကို မခင်ဆွေဝင်း ( မြင်းခြံ ) နှင့် သေနတ်ပစ်အတော်ဆုံးဆုကို မလှလှသိန်း ( ဗန်းမော် )တို့ကလည်းကောင်း အသီးသီး ရရှိခဲ့ကြသည် ။ အခမ်းအနားအပြီးတွင်း စစ်သမီးတပ်ခွဲ၌ ဒုဗိုလ် ဒေါ်လှဌေးက ဧည့်ပရိသတ်များအား လိုက်လံပြသခဲ့သည် ။ သင်တန်းဆင်း စစ်သူအမျိုးသမီးများအား တပ်မတော် ( ကြည်း ) အုပ်ချုပ်ရေးဘက်တွင် ၃၁ ဦး ၊ မေမြို့အချက်ပြ ဆက်သွယ်ရေးဘက်သို့ ၇၇ ဦး ၊ စစ်သူနာပြု ၇ ဦးနှင့် စစ်မှတမ်းရုံးသို့ ၇၃ ဦး တာဝန်ပေးအပ်သွားမည် ဖြစ်ပြီး သင်တန်းကာလမှာ ၁၇ ပတ် ကြာမြင့်ခဲ့ကြောင်း သိရှိရသည် ။