ပထမဆုံး​အကြိမ် ​လေထီး​သင်တန်း​ကျောင်း​ဆင်း​ပွဲ

ဝီကီပီးဒီးယား မှ

ပထမဆုံးအကြိမ် လေထီးသင်တန်းကျောင်းဆင်းပွဲ (၁၄-၅-၁၉၅၇)[ပြင်ဆင်ရန်]

၁၉၅၇ ခုနှစ် ၊ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် လေထီးသင်တန်းဆင်းပွဲ အခမ်းအနားကို မှော်ဘီတပ်နယ်ရှိ မြန်မာ့တပ်မတော် ၁၀၆ လေထီးတပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နောက်တစ်နေ့ထုတ် သတင်းစာများ၌ သတင်းဖော်ပြပါရှိသည်။ ယင်းအခမ်းအနားသို့ မြန်မာ့တပ်မတော် စစ်သေနာပတိချုပ် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး သင်တန်းဆင်း လေထီးတပ်သားများအား လေထီးတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ၏။ လေထီးသင်တန်းဆင်းပွဲသို့ အဂင်လန် ၊ အမေရိကန် ၊ ဩစတြေးလျ ၊ ပြင်သစ် ၊ တရုတ် ၊ ယူဂိုဆလပ် ၊ အိန်ဒိယ ၊ ယိုးဒယား စစ်သံမှူးများနှင့် မြန်မာတပ်မတော်လေတပ်ဦးစီးချုပ် ၊ ရေတပ်ဦးစီးချုပ်တို့အပြင် ကြည်းတက်မတော်အရာရှိများပါ တက်ရောက်ခဲ့ကြသည်။ လေထီးဆင်းအတက်ပညာကို ၁၉၅၅ ခုနှစ်တွင် နိုင်ငံခြားသို့ ဗိုလ်အကြပ်တပ်သားအချို့အား စေလွှတ်သင်ယူစေခဲ့ပြီးနောက် ၁၉၅၆ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ၊ ယခုအခါ နိုင်ငံခြားသားများမပါဘဲ ကိုယ့်ဆရာနှင့်ကိုယ် သင်ပေးနိုင်အောင် အခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း ၊ ပထမပတ် သင်တန်းဆင်းဦးရေမှာ တပ်သားတစ်ရာကျော်ရှိကြောင်း လေထီးတပ်ရင်း၏ ယာယီတပ်ရင်းမှူး ဗိုလ်ကြီး မောင်မောင်လွင်က သတင်းစာဆရာများအား ပြောကြားခဲ့၏။