ပထမဆုံး​အကြိမ် ​ဘောလုံး​ဒိုင်လူကြီး​ ​အောင်လက်မှတ်​ပေး​ပွဲ

ဝီကီပီးဒီးယား မှ

ပထမဆုံးအကြိမ် ဘောလုံးဒိုင်လူကြီး အောင်လက်မှတ်ပေးပွဲကျင်းပ (၇-၉-၁၉၆၉)[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ် ၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်း အားကစားနှင့် ကာယပညာကော်မတီ ၊ ဘောလုံးဒိုင်လူကြီး ဆပ်ကော်မတီက အောင်လက်မှတ်ပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းကို နောက်တစ်နေ့ထုတ် ရန်ကုန်သတင်းစာ၌ တွေ့ရှိရသည်။ ယင်းအခမ်းအနားကို ဒဂုံ အထက (၁)၌ ကျင်းပရာ သဘာပတိအဖြစ် ဦးတင်ထွန်းက ဆောင်ရွက်ခဲ့၏။ ဘောလုံးဒိုင်ချုပ် ဦးဘသိန်းက ယခင်ခေတ် ဘောလုံးပွဲများတွင် ဂေါ်ရာနှင့် အင်္ဂလိပ်များသာ ဒိုင်လူကြီးဖြစ်ခဲ့ကြပြီး ယခုအခါ ကိုယ့်လူမျိုးနှင့် ကိုယ့်နယ်မြေဒိုင်လူကြီးများ ဖြစ်လာကြပြီဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ပြုဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့၏။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဘောလုံးဒိုင်လူကြီး ဦးကျော်ဟန်က ဘောလုံးဒိုင်လူကြီးသင်တန်းကို နယ်မြေအလိုက်သတ်မှတ်၍ သင်ကြားပို့ချပေးခဲ့ရာ၌ ဦးခင်မောင်အေး ၊ ဦးဘသိန်းတို့က ပါဝင်ကူညီခဲ့ကြကြောင်း ပြောကြားခဲ့၏။ ထို့နောက် ဘောလုံးဒိုင်လူကြီး ဥက္ကဋ္ဌ ဗိုလ်ကြီးရာဂျာက အောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့လေသည်။