ပထမဆုံး​အကြိမ် ယိုး​ဒယား​-မြန်မာ ချစ်ကြည်​ရေး​ အ​ပြေး​ပြိုင်ပွဲ

ဝီကီပီးဒီးယား မှ

ပထမဆုံးအကြိမ် ယိုးဒယား-မြန်မာ ချစ်ကြည်ရေး အပြေးပြိုင်ပွဲ ကျင်းပပြုလုပ် (၁၄-၂-၁၉၅၈)[ပြင်ဆင်ရန်]

ယိုးဒယား-မြန်မာ အပြေးပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း နောက်တစ်နေ့ထုတ် ထွန်းနေ့စဉ် သတင်းစာ၌ သတင်းဖော်ပြပါရှိ၏။ အောင်ဆန်း အားကစားပြိုင်ကွင်း၌ ကျင်းပသော ယင်းပြိုင်ပွဲမှာ ချစ်ကြည်ရေးပွဲဖြစ်ပြီး အထူးတန်းကိုသာ ဝင်ကြေးယူလျက် ပြား ၃၀ တန်းကို မည်သူမဆိုအခမဲ့ ကြည့်ရှုနိုင်အောင် စီစဉ်ထားသည်ဆို၏။ ယိုးဒယား အားကစားအဖွဲ့တွင် အမျိုးသား ၁၆ ဦး ၊ အမျိုးသမီး ငါးဦး အပြင် ဘက်စကက်ဘော အဖွဲ့ဝင် ၁၄ ဦးနှင့် ခေါင်းဆောင်လူကြီး ခြောက်ဦးတို့ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် အားကစားပွဲများ စတင်ကျင်းပရာ၌ မြန်မာပြေးခုန်ပစ်သမားများက မီတာ ၄၀ဝ အလံကိုင်ပြေးပွဲမှအပ ပြေးခုန်ပစ်ပြိုင်ပွဲ ၁၂ ပွဲ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြ၏။ ယိုးဒယား ပြေးခုန်ပစ် ကစားသမားများက မီတာ ၁၀ဝ ၊ မီတာ ၂၀ဝ ၊ မီတာ ၄၀ဝ နှင့် အလံကိုင်ပြေးပွဲ လေးပွဲတို့တွင် အနိုင်ရရှိကြောင်း သိရှိရသည်။ မီတာ ၁၀ဝ ပြေးပွဲတစ်ပွဲတွင် မြန်မာအမျိုးသမီး အားကစားမယ် ဂရေစီကားက ပထမဆု ရရှိဆွတ်ခူးသွား၏။