ပညာအကြောင်း

ဝီကီပီးဒီးယား မှ

ပညာဟူသည် ပဋိပက္ခ၊ ပြဿနာ၊ အခက်အခဲစသော လောကအမှောင်ထုတွင်း ကျော်လွှားဖြတ်သန်းနိင်ဖို့ရာ လမ်းပြသည့် ကြယ်တာရာတစ်ပွင့် ဖြစ်သည်။

ပညာအပြား၂ ပါး[ပြင်ဆင်ရန်]

အပြားအားဖြင့် သိမှုမျိုး ၂ပါး၊ ထို့ပြင်လည်း အမျိုးမျိုးပြားသေး၏။

ယထာဘူတပညာ ဝဥ္စနာပညာ
အဟုတ်သိအမှန်သိ ကုသိုလ်စိတ် ကြိယာစိတ်တို့နှင့် ယှဉ်သောပညာဝိဇ္ဇာဉာဏ်။ သူတပါးအား လှည့်စားဉာဏ်၊ တဏှာ လောဘ ပြဋ္ဌာန်းသော စိတ်တ္တုပ္ပါဒ် အကုသလဝိတက် သဘော။

ပညာအပြား ၃မျိုး[ပြင်ဆင်ရန်]

စိန္တာမယ ပညာ သုတမယပညာ ဘာဝနာမယ ပညာ
ကြံစည်သဖြင့် သိအပ်သော အရာမျိုး။ သူ့တပါးထံမှ ကြား၍ သိသော အရာမျိုး။ ပွားများသဖြင့် သိသော အရာမျိုး။[၁]

ပညာမျက်စိ ပညာစက္ကု ၅မျိုး[ပြင်ဆင်ရန်]

ဗုဒ္ဓစက္ခု ဓမ္မစက္ခု သမန္တစက္ခု ပညာစက္ခု၊၊ ဉာဏစက္ခု ဒိဗ္ဗစက္ခု
ဣန္ဒြိယပရောပရိယတ္တိဉာဏ်နှင့် အာသယာနသယဉာဏ်တော် ၂ပါး။ မဂ်ဉာဏ်တော် သဗ္ဗညုတဉာဏ်။ အာသဝက္ခယဉာဏ်တော်။ နတ်မျက်စိဖြင့် တူသော ဒိဗ္ဗစက္ခုအဘိညာဉ်ဉာဏ်တော်။[၂]

ပညာရခြင်း၏ အကြောင်း၈ပါး[ပြင်ဆင်ရန်]

ပညာတိုးပွားရခြင်း၏ အကြောင်းတရား ရှစ်ပါး။

ဝယ ပရိဏာမ ယသ ပရိဏာမ ပရိပုစ္ဆ တိတ္ထဝါသ ယောနိသော မနသိကာရ သာကစ္ဆ သိနေဟူပသေဝန ပတိရူပ ဒေသာဝါသ
အရွယ်ကို ငဲ့သဖြင့် ရ၏။ အခြံအရံကို ငဲ့သဖြင့် ရ၏။ မေးမြန်းခြင်းဖြင့် ရ၏။ ကြာမြင့်စွာ နေရခြင်းဖြင့် ရ၏။ ဝေဖန်ကြံဆခြင်းဖြင့် ရ၏။ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ရ၏။ ချစ်သူကို ပေါင်းသင်းခြင်းဖြင့် ရ၏။ လျောက်ပတ်သော အရပ်၌ နေရခြင်းဖြင့် ရ၏။

ပညာရှိ လက္ခဏ ၃ပါး[ပြင်ဆင်ရန်]

သုစိန္တိတ စိန္တီ သုဘာသိတ ဘာသီ သုကတ၊ ကမ္မ၊ ကာရီ
ကောင်းသော အကြံကိုသာ ကြံစည်ခြင်း။ ကောင်းသော စကားကိုသာ ပြောဆိုခြင်း။ အပြစ်မရှိကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း။ [၃]

ပညာရှိတို့ နစ်မြုပ်ကြောင်းမျိုး၃ပါး[ပြင်ဆင်ရန်]

  • မိုက်သော တပည့်ကို ပညာသင်ကြား လက်သုံးထားခြင်း။
  • အကျင့်ယုတ်သော မိန်းမနှင့် အိမ်ထောင်ပြုခြင်း။
  • မသူတော်နှင့် ပေါင်းသင်းဆက်ဆံခြင်း။

ပညာရှိမည်ကြောင်း ၄ပါး[ပြင်ဆင်ရန်]

  • ဓာတ်တို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း။
  • အာယတနတို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း။
  • ပဋိစ္စသမုပ္ပါဒ်တရားတို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း။
  • အရာဟုတ်သည် အရာမဟုတ်သည် (ဌာနဌာန) တို့၌ လိမ္မာကျွမ်းကျင်ခြင်း။

ကိုးကား[ပြင်ဆင်ရန်]

အနာဂတ်သားငယ်သမီးငယ်များအတွက်ဗုဒ္ဓဓမ္မယဉ်ကျေးမှုသိစေလိုသောရည်ရွက်ဖြစ်ရေးသားခြင်းဖြစ်သည်။

  1. ဗုဒ္ဓဓမ္မကျမ်းစာ (နေတ္တိ၊ ပါ-၈၊ ဠ-၅၃/၅၄
  2. ဗုဒ္ဓဓမ္မကျမ်းစာ (ဓမ္မသင်္ဂဏီ၊ ပါ၁၅၇၊ ဠ၃၄၄)
  3. ဗုဒ္ဓဓမ္မကျမ်းစာ (ပဋိသမ္ဘိဒါမဂ်၊ ပါ၃၆၁ ဠ၊ ဒု၊ ၂၄၃။ နေတ္တိ၊ ပါ၁၄၈၊ ဠ၂၅၆)