ပညာသည်

ဝီကီပီးဒီးယား မှ

ပညာသည် ကဗျာကို မိုးစည် ရေးဖွဲ့ခဲ့သည်။ ခေတ်စမ်းလင်္ကာ ကဗျာအမျိုးအစား ဖြစ်သည်။

ပညာသည်[ပြင်ဆင်ရန်]

တိမ်မှောင်ချဉ်း၍
မလင်းရောင်ဝါ၊ မှိုင်းအုပ်ကာလျှင်
ဘယ်ညာမလပ်၊ လောကဓာတ်သို့
တိုက်ခတ်တုန်ဟီ၊ လေပြင်းချီသော်
တွဲလီတွဲလောင်း၊ စာဘူးတောင်းလည်း
မညောင်းမကြောက်၊ သိုက်အုံဆောက်သည်
အံ့လောက် ပညာသည်တကား။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ချဉ်း = အနားကပ်သည်။

၂။ စာဘူးတောင်း = သစ်ကိုင်းမှ တစ်ဆင့် လေတွင်တွဲလျား ကျနေသော အသိုက်ရှည် ရက်လုပ်တတ်သည့် ထိပ်ဝါစာကလေးငှက်မျိုး။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း