မာတိကာသို့ ခုန်သွားရန်

ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်

ဝီကီပီးဒီးယား မှ

ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] “ပညာရှိ တွေးသည်ကို ပညာမဲ့ ပြေး၍ ကြည့်သည်မတန်။ ပညာရှိအတွေး ပြေးကြည့်သလို” ဟူ၍လည်း အဆိုများရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်သည်ထက် မှန်သည်” ဆိုသည်မှာ အရာဝတ္ထုတစ်ခု သို့မဟုတ် အခြေအနေတစ်ခုကို ပညာမရှိသူက ကိုယ်တိုင် သွားရောက် လေ့လာစုံစမ်းပြီး ပြန်လည်ပြောပြခြင်းထက် ပညာဉာဏ်နှင့် ပြည့်စုံသူက အဝေးမှနေ၍ ဆင်ခြင်သုံးသပ်ကာ ပြောဆိုခြင်းသည် ပိုမို၍ ထိရောက်မှန်ကန်နိုင်သည်ဟု ဆိုလိုသည်။ ပညာရှိသူများသည် အတွေ့အကြုံနှင့် ဗဟုသုတများစွာရှိသောကြောင့် အခြေအနေတစ်ခုကို အသေးစိတ် မလေ့လာဘဲ အကြမ်းဖျင်း သုံးသပ်ရုံဖြင့်ပင် မှန်ကန်သော အဖြေကို ရရှိနိုင်စွမ်းရှိသည်။ ဤဆိုရိုးစကားသည် ပညာ၏ အရေးပါမှုနှင့် ပညာရှိသူများ၏ ဉာဏ်ပညာကို ချီးကျူးဖော်ပြခြင်းဖြစ်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “ရှေးသူဟောင်းတို့သည် ပညာရှိ တွေးသည်ကို ပညာမဲ့ ပြေး၍ ကြည့်သည် မတန်ဟူ၍ ဆိုကုန်၏။” []
  • “ဘုရင်မင်းကြီးစွာလည်း စည်းတပစ်ကို ခေါ်တော်မူ၍ ပညာရှိ တွေးသည်ကို ပညာမဲ့ ပြေး၍ ကြည့်သော်မတန်ဟု ချီးမွမ်းတော်မြူပီး မှ…၊” []
  • “ပညာရှိအေွတး ပြေးကြည့်သိုလဆိုတာလို ပညာရှိတဲ့ ပုဂ္ဂိုလ်များတွေး တဲ့ အချက်တွေဟာ လွန်စွာ မှန်တတ်တယ်။” []
  • “မသောက်က ပညာရှိ တွေးကြည့်လျှင် ပညာမဲ့သူ ပြေးကြည့်သည်ထက် မှန်သည်ဆိုတဲ့ စကားဟာ ကျုပ်အတွက်တော့ ပူပူနွေးနွေးကိုယ်တွေ့မို့ တကယ် သဘောပေါက်ပါတယ်။” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၉၈၁] ယသ၊ ပ။ ၄၁။
  3. [၁၀၈၀-ခန့်] ကုလား၊ ပ။ ၃၆၇။
  4. [၁၂၉၆] မဉ္ဇရီ၊ မ။ ၁၂၇။
  5. [၁၃၂၃] ဗညားနွဲ့။ ၇၆။