မာတိကာသို့ ခုန်သွားရန်

ပညာရှိအမျက် ပြင်မထွက်

ဝီကီပီးဒီးယား မှ

ပညာရှိအမျက် ပြင်မထွက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] “လူလိမ္မာအမျက် ပြင်မထွက်” ဟူ၍လည်း အဆိုရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ပညာရှိအမျက် ပြင်မထွက်” ဆိုသည်မှာ ပညာဉာဏ်နှင့် ပြည့်စုံသောသူများသည် မိမိတို့၏ အမျက်ဒေါသကို အလွယ်တကူ အပြင်သို့ ထုတ်ဖော်ပြသလေ့မရှိဘဲ ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ ဒေါသသည် မကောင်းသော အကျိုးဆက်များကိုသာ ဖြစ်ပေါ်စေတတ်ကြောင်းကို ပညာရှိသူများက နားလည်သဘောပေါက်သောကြောင့် ဒေါသကို ထိန်းချုပ်ခြင်းသည် ပညာရှိသူတို့၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ဤဆိုရိုးစကားသည် ဒေါသကို ထိန်းချုပ်ခြင်း၏ အရေးပါမှုကို သွန်သင်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “သူ့သမီးကို ငါနှင့်အဖက်မတန်ဘူးထင်လို့ မွေးသမိခင်ကို ပြောလိုက် ဆိုလိုက်တာ၊ ယခုတိုင် စိတ်နာပါသေးရဲ့။ ပညာရှိအမျက် ပြင်မထွက် ဆိုတာလို အသာကြိတ်နေရတာပဲ။” []
  • “လူလိမ္မာအမျက် ပြင်မထွက် ဆိုသလို တစ်ဖက်ကို မုန်းတီးသည့် စိတ်ကို ဝမ်းထဲတွင်သာ မျိုသိပ်ကာ၊” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၆] မြင့်၊ဒု။ ၁၁၃။
  3. [၁၃၁၂] ကိုတံငါ။ ၈၅။