မာတိကာသို့ ခုန်သွားရန်

ပညာရှိမှ ခွင့်သိသည်

ဝီကီပီးဒီးယား မှ

ပညာရှိမှ ခွင့်သိသည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ပညာရှိမှ ခွင့်သိသည်” ဆိုသည်မှာ ပညာဉာဏ်နှင့် ပြည့်စုံသောသူသည်သာ အခါအခွင့် သင့်မသင့်ကို သိရှိနားလည်နိုင်သည်ဟု ဆိုလိုသည်။ မည်သည့်အချိန်တွင် မည်သည့်အရာကို ပြုလုပ်သင့်သည်၊ မည်သည့်အရာကို ရှောင်ကြဉ်သင့်သည်ကို ပညာရှိသူများကသာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည်။ ထို့ကြောင့် အရေးကြီးသော ကိစ္စရပ်များတွင် ပညာရှိသူများ၏ အကြံဉာဏ်ကို ရယူသင့်ကြောင်းကို ဤဆိုရိုးစကားက သွန်သင်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “မလျော့ပညာ၊ တံငါလုလင်၊ မျှားကြိုးငင်သို့၊ ပညာရှိမှ ခွင့်သိသည်၊” []
  • “နှုန်းထွင်းစာနာ၊ အရာရာကို၊ ပညာရှိမှ၊ ခွင့်သိနိုင်ကြ၊ ဤလောက၌၊” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၈၆၃] ကန်မင်း။ ၃။
  3. [၁၂၆၆] မဃ ၃၆၇။