ပညာရှာ ပမာ သူဖုန်းစား
ပုံပန်းသွင်ပြင်
ပညာရှာ ပမာ သူဖုန်းစား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁] “ပညာရှာ ပမာ သူတောင်းစား” ဟူ၍လည်း အဆိုရှိသည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“ပညာရှာ ပမာ သူဖုန်းစား” ဆိုသည်မှာ ပညာကို လိုလားသောသူသည် သူတောင်းစားကဲ့သို့ မရှက်မကြောက် အောက်ကျို့၍ ပညာရှိသူများထံမှ ဆည်းပူးရမည်ဟု ဆိုလိုသည်။ သူတောင်းစားသည် အစာအာဟာရ ရရှိရန် မရှက်မကြောက် တောင်းခံရသကဲ့သို့ ပညာကိုလည်း ရရှိရန်အတွက် မာနမထားဘဲ အောက်ကျို့စွာ ဆည်းကပ်လေ့လာရမည်ဟု ဤဆိုရိုးစကားက သွန်သင်သည်။ ပညာရရှိရေးအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ရှည်သည်းခံမှုတို့ အလွန်အရေးကြီးကြောင်းကိုလည်း ဖော်ပြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- “ပညာရှာ ပမာ သူဖုန်းစားတဲ့၊ သူဖုန်းစားတို့မည်သည်.. ရွေးချယ်ခြင်း မရှိသကဲ့သို့ ထို့အတူ ပညာကို ရှာသောသူတို့မည်သည်လည်း ပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း မရှိရဘူးတဲ့၊” [၂]
- “ပညာဆိုသောအရာသည် မရှက်မကြောက် ရှာမှီးစုဆောင်းမှ ရရှိနိုင်သော အရာဖြစ်၍ … ပညာရှာ ပမာ သူတောင်းစား ဟူ၍လည်း ရှေးလူကြီးတို့ ပြောစမှတ် ပြုကြလေကုန်သည်။” [၃]