ပဉ္စဒီပိကာထေရီ
ပဉ္စဒီပိကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ရှေးအတိတ်ဘဝ
[ပြင်ဆင်ရန်]ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် ကမ္ဘာတစ်သိန်းအထက် ကာလတွင် ဖြစ်၏။ ပဉ္စဒီပိကာထေရီသည် ဟံသာဝတီမြို့တွင် လှည့်လည်သွားလာကာ ကုသိုလ်တရားတို့ကို ရှာဖွေ၏။ ထိုသို့ လှည့်လည်၍ လကွယ်နေ့တစ်နေ့တွင် (ထင်းရှူး) ဗောဓိပင်ကို ဖူးမြင်ရလေ၏။ ထို့နောက် မြတ်စွာဘုရားသည် မနှိုင်းယှဉ်နိုင်သော ဂုဏ်ရှိသည့် ပုဂ္ဂိုလ်၊ အတုမရှိ ပြိုင်ဘက်မရှိသော ပုဂ္ဂိုလ်ဖြစ်ပါက ဤဗောဓိပင်သည် တန်ခိုးပြာဋိဟာပြပါစေသတည်းဟု အဓိဋ္ဌာန်လိုက်ရာ ဗောဓိပင်သည် ထွန်းလင်းတောက်ပကုန်၏။
ထို့နောက် ပဉ္စဒီပိကာထေရီသည် ထိုဗောဓိပင်ရင်းတွင် ခုနစ်ရက်ပတ်လုံး ထိုင်နေ၏။ ခုနစ်ရက်မြောက်သော နေ့တွင် ဆီမီးပူဇော်ခဲ့၏။ ထိုသို့ ပြုခဲ့သော ကုသိုလ်ကံတို့ကြောင့် သေလွန်သော တာဝတိံသာဘုံသို့ ရောက်ခဲ့၏။ ပဉ္စဒီပဟု အမည်ရသည့် ဗိမာန်ကိုလည် ရရှိခဲ့၏။
ရှစ်ဆယ်သော နတ်မင်းတို့၏ မိဖုရား ဖြစ်ခဲ့၏။ တစ်ရာသော စကြဝတေးမင်းတို့၏ မိဖုရား ဖြစ်ခဲ့သည်။ ထိုနောက် နတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ ရောက်သောအခါတွင်လည်း အမိဝမ်းတွင်း၌ မျက်လုံးသည် မမှိတ်ပဲ ရှိ၏။
ထိုသို့ ဆီမီးလှူခဲ့သည့် အချိန်မှစ၍ ပဉ္စဒီပိကာထေရီသည် မကောင်းသူတို့ ကျရောက်ရသည့် ဒုဂ္ဂတိဘဝသို့ မကျရောက်ခဲ့ရပေ။[၁]