ပဉ္စဒီပက

ဝီကီပီးဒီးယား မှ

အရှင်ပဉ္စဒီပကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်ပဉ္စဒီပကထေရ် သည် မြတ်စွာဘုရား၏ တရားတော်တွင် သက်ဝင်ယုံကြည်သူ ဖြစ်ခဲ့၏။ အရှင်ပဉ္စဒီပကထေရ် သည် ထင်းရှူးဗောဓိပင်ကို ခြံရံကာ ဆီမီးအလှူပြုခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ လှူဒါန်းခဲ့ရသည့်အတွက် ရောက်ရတိုင်းသော လူ့ဘဝ၊ နတ်ဘဝတို့ကို ကောင်းကင်၌ ဆီမီးရောင် ဆောင်ကုန်၏။ ထို့ပြင် နံရံတစ်ဖက်ကိုလည်းကောင်း၊ ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း၊ မြေတောင်ကိုလည်းကောင်း ကျော်လွန်၍ ငါသည် ထက်ဝန်းကျင်မှ ယူဇနာတစ်ရာတိုင်အောင် မြင်နိုင်စွမ်းသော အကျိုးတို့ကိုလည်း ခံစားခဲ့ရသည်။

သုံးထောင့်လေးရာသော ကမ္ဘာထက်တွင် “သတစက္ခု” အမည်ဖြင့် တန်ခိုးအင်အားရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပဉ္စဒီပကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗီဇနိဝဂ်