ပင်းယသေနတ်ဝန်

ဝီကီပီးဒီးယား မှ

ပင်းယသေနတ်ဝန်[ပြင်ဆင်ရန်]

ကုန်းဘောင် ခေတ်ဦး ကာလတွင် ပုံမှန်ရှိရင်းစွဲဖြစ်သော သေနတ်ဝန်ရာထူးအပြင် ပင်းယသေနတ်ဝန်ဟူ၍လည်း ခန့်အပ်ခဲ့ဖူးကြောင်း သိရှိရသည်။ ပင်းယသေနတ်ဝန်မှာ ပင်းယကိုအခြပြေုဖွဲ့စည်းထားသော သေနတ်အစုအမှုထမ်းများအား အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်သည်။

စဉ့်ကူးမင်း လက်ထက်[ပြင်ဆင်ရန်]

အထင်အရှားတွေ့ရှိရသူ ပင်းယသေနတ်ဝန်တစ်ဦးမှာ စဉ့်ကူးမင်း (၁၇၇၆-၁၇၈၂)လက်ထက်တွင် အမှုထမ်းခဲ့သည့် လက်ယာနန္ဒကျော်သူ ဖြစ်သည်။ စဉ့်ကူးမင်း ပင်းယသို့ ထွက်ခဲ့စဉ်က ပင်းယ သေနတ်ဝန် လိုက်ပါကူညီခဲ့ရဟန်တူပါ၏။ သို့သော် လက်ယာနန္ဒကျော်သူမှာ ဘိုးတော်ဘုရား (ဗဒုံမင်း)နန်းတက်စ ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလတွင် စီရင်ကွပ်မျက်ခံခဲ့ရသည်။ ပင်းယ သေနတ်ဝန်ကို အပြစ်ပေးစီရင်ခဲခြင်းမှာ ဗဒုံမင်း၏ ညီတော် စည်သာမင်းသားနှင့် ဝန်ကြီး ဦးသာတို့ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခဲ့၍ ဖြစ်သည်။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက်တွင် ပင်းယသေနတ်ဝန်အဖြစ် ဆက်လက်ခန့်အပ်မှု ရှိခဲ့သော်လည်း ပင်းယသေနတ်ဝန်ဘွဲ့ကိုမူ မသိရပေ။ ၉ ဖေဖော်ဝါရီ ၁၈၀၃ တွင် စစ်ကိုင်းမင်းသားနှင့် ဆင်ဖြူရှင်တို့ ထိမ်းမြားလက်ထပ်ကြစဉ် ပင်းယသေနတ်စွဲ အမှုထမ်း ၅၀၄ ဦးအား စစ်ကိုင်းမင်းသားမောင်နှံတို့ထံ၌ အမှုတော်ထမ်းရွက်ကြရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တွေ့ရှိရ၏။