ပင်လယ်ပြင်၏ တန်ပြန်ဆွဲအား (ရုပ်ရှင်)
ပင်လယ်ပြင်၏ တန်ပြန်ဆွဲအား (စပိန်: Contracorriente) သည် ၂၀၀၉ ခုနှစ်ထွက် ပီရူး ရုပ်ရှင်ကားဖြစ်ပြီး၊ ဒါရိုက်တာ Javier Fuentes-León၏ ဇာတ်ကားရှည် လက်ရာတစ်ခုဖြစ်သည်။ ရိုက်ကူးရန် ထောက်ပံ့ငွေကို ဂျာမဏီ နှင့် ပြင်သစ်တို့မှ စတင်ထောက်ပံ့ခဲ့ပြီး၊ ပီရူးနိုင်ငံမှလည်း ထပ်မံ ထောက်ပံ့ခဲ့သည်။[၁] ဇာတ်ကားကို ကာဘို ဘလန်ကိုတွင် ရိုက်ကူးခဲ့ပြီး၊ World Cinema Audience Award ကို Dramatic category မှ ၂၀၁၀ တွင် ရရှိခဲ့သည်။[၂]
ဇာတ်ကြောင်း
[ပြင်ဆင်ရန်]မီဂွယ်သည် ကာဘို ဘလန်ကိုတွင် တံငါသည် လူငယ်တစ်ဦးဖြစ်ပြီး၊ ထိုရွာကလေးသည် သေဆုံးသူများကို ပီရူးမြောက်ပိုင်းရှိ ထုံးတမ်းဓလေ့အတိုင်း သင်္ဂြိုဟ်ဆဲဖြစ်သည်။ သူသည် မာရီရယ် ကို လက်ထပ်ထားသူဖြစ်ပြီး၊ မာရီရယ်မှာ ပထမဦးဆုံး သားဦးလေးကို ကိုယ်ဝန်လွယ်ထားချိန်လည်းဖြစ်သည်။ သို့သော် မီဂွယ်သည် အခြားအမျိုးသားတစ်ဦးဖြစ်သည့် စန်တီရေးဂို နှင့်လည်း တိတ်တခိုး အချစ်ဇာတ်လမ်း အရှုပ်တော်ပုံရှိလေသည်။
စန်တီရေးဂိုသည် မတော်တဆ ပင်လယ်တွင် ရေနစ်သေဆုံးခဲ့ပြီးနောက် ဝိညည်မှာ မီဂွယ်ဆီသို့ရောက်ရှိလာပြီး၊ သူ၏ ခန္ဒာကိုယ်ကို ရွာ၏ ထုံးစံဓလေ့အတိုင်း သင်္ဂြိုဟ်စေနိုင်ရန် ပြန်လည်ရှာဖွေပေးဖို့ တောင်းဆိုလေသည်။ မီဂွယ်မှာ သူ၏ အချစ်ဆုံးသူများကို ဆုံးရှုံးမလား သို့မဟုတ် သူ၏လုပ်ဆောင်ခဲ့သည့် ကိစ္စမှန်သမျှနှင့် သူမည်သူဖြစ်သည်ကို ကိုယ်တိုင်လက်ခံနိုင်ရန် ရင်ဆိုင်ရလေတော့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Latin American News Dispatch: Interview with Javier Fuentes-León, Director of Contracorriente။ 2 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2012 တွင် ပြန်စစ်ပြီး။
- ↑ Sundance 2010: Winners Announced!။ rottentomatoes.com။ 6 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-01-31 တွင် ပြန်စစ်ပြီး။