ပင်စိမ်းမွှေး
ပင်စိမ်းမွှေး | |
---|---|
![]() | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | O. basilicum
|
ဒွိနာမ | |
Ocimum basilicum |
Basil (ပင်စိမ်းမွှေး)[ပြင်ဆင်ရန်]
- Botany Term : Ocimum canum Sims
- Species/Family : Labiatae
ပုံသဏ္ဌာန် : အပင်
- အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၂ ပေ မှ ၃ ပေ အထိ ရှိ၏ ။ ပင်စည် ဖြောင့်မတ်ပြီး လေးထောင့် ပုံရှိသည်။ အခက်အလက် များ နူးညံ့၍ အမွေးများ ရှိပြီး အနံ့မွှေး သည်။ ပင်စည် နှင့် အကိုင်းအခက် အစိမ်းရောင် ဖြစ်သော် လည်း တစ်ခါ တစ်ရံ သပြေ ရောင်သမ်းသည်။ မြန်မာ နိုင်ငံ၌ ပင်စိမ်းဖြူ သို့မဟုတ် ဟင်းစား ပင်စိမ်း ၊ ပင်စိမ်းနက် ၊ ပင်စိမ်းညို ၊ ပင်စိမ်းကြီး ဗလရှင် စသည်ဖြင့် ပင်စိမ်း အမျိုးမျိုး ပေါက်ရောက်ပြီး ယင်းတို့၏ အာနိသင် မှာ အနည်းငယ် စီသာ ကွာခြား၏ ။
အရွက် - ရွက်ဆိုင် အလှည့်ကျ ထွက် ၏ ။ ရွက်ထိပ်ချွန် ပြီး ရွက်ရင်း သွယ်သည်။ အလျား ၁-၃ လက်မထိ ရှည်သည်။ ရွက်နား လွှသွား ပုံရှိသည်။ ရွက်ညှာ ၁ လက်မထိ ရှည်၏ ။
အပွင့်
- သေးငယ်ပြီး အဖြူရောင် ရှိသည်။ အလွန် မွှေးသည်။ အခိုင်လိုက် ပွင့်သည်။ ပွင့်ချပ်ပေါ် တွင် အမွေးလေး များရှိသည်။ တပေါင်း ၊ တန်ခူးတွင် ပွင့်သည်။
အစေ့
- လုံးဝိုင်း ပြီး တစ်ဖက်တွင် အနည်းငယ် မောက်၍ တစ်ဖက် တွင် ပြား၏ ။ အရောင် မည်း၏ ။ အနံ့ မရှိ ၊ အရသာ ပူစပ်၏ ။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အရွက် ၊ အစေ့။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ အထူး သဖြင့် အပူပိုင်း ဒေသတွင် ပိုမို ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သော် လည်း ဟင်းစား နှင့် ဆေးအတွက် စိုက်ပျိုး ကြသည်။ အမြင့်ပေ ၃၀၀၀ အထိ စိုက်ပျိုး နိုင်သည်။
စိုက်ပျိုးပုံ-
(က)မြေပြုပြင်ခြင်း
- ဟင်းသီး ဟင်းရွက် ခင်းများ ပြုပြင် သကဲ့သို့ပင် ဖြစ်သည်။
(ခ) မျိုးစေ့ချခြင်း
-တစ်တန်းနှင့် တစ်တန်း ၂ ပေမှ ၃ ပေ အထိ ခွာ၍ အလျား ၁ ပေလျှင် မျိုးစေ့ ပေါင်း ၁၂ မှ ၁၅ စေ့ အထိ ချရသည်။ မျိုးစေ့များ စိပ်မနေ စေရန် ဂရုပြု ရမည်။
(ဂ) ပြုစုဂရုစို်က်ခြင်း
- ပေါင်းနှိမ်ခြင်း ၊ မြေဆွခြင်းကို လိုအပ်သလို ပြုလုပ်ရမည်။ မြေဩဇာ အထူးမလို သော်လည်း ထည့်နိုင်မည် ဆိုက ပိုမို ကောင်းမွန်သည်။
(ဃ) စုဆောင်းရယူခြင်း
-စတင် ပွင့်ချိန် လောက်၌ ရိတ်သိမ်း ဖြတ်ယူပြီး အငုတ် မှ ထွက်လာသော အတက် များ သည် နောက်တစ်ကြိမ် ပွင့်လာပါက ထပ်မံ ဖြတ်ယူနိုင်သည်။ တစ်ရာသီ လျှင် ၂ ကြိမ် မှ ၃ ကြိမ် အထိ ရယူနိုင်သည်။ အညွန့် နှင့် အရွက် များကို အရိပ်ထဲ၌ အခြောက် လှန်းရသည်။
အသုံးဝင်ပုံ : အာနိသင်
-မြန်မာ ဆေးကျမ်း များ အလိုအရ ပင်စိမ်းသည် ပူ စပ် အရသာ ရှိ၏ ။ အနည်းငယ် ခါး၏ ။ လေနှင့် သလိပ် ကို နိုင်၏ ။ ရင်ကျပ် ချွဲကျပ် ၊ အစာမကြေသော အနာမျိုးကို နိုင်၏ ။ သည်းခြေကို ပျက်စေတတ်၏။
အသုံးပြုပုံ-
အရွက်
၁ ။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။ [၁]