မာတိကာသို့ ခုန်သွားရန်

နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ

ဝီကီပီးဒီးယား မှ

နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

“နှုတ်ချိုလျှင် သူချစ်သည်၊ လက်တိုလျှင် သူပစ်” ဟူ၍လည်း ဆိုထုံးရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ” ဆိုသည်မှာ မောက်မာစွာ ပြောဆိုခြင်း၊ လေလုံးထွားထွား ပြောဆိုခြင်းများ ပြုလုပ်ပါက မိတ်ဆွေအပေါင်းအသင်းများက စွန့်ခွာသွားတတ်ပြီး၊ ရက်ရောစွာ ပေးကမ်းစွန့်ကြဲတတ်ပါက မိတ်ဆွေအပေါင်းအသင်းများက မိမိထံ ချဉ်းကပ်လာတတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် လူမှုဆက်ဆံရေးတွင် စကားပြောဆိုမှုနှင့် ပေးကမ်းရက်ရောမှုတို့၏ အရေးပါပုံကို ဖော်ပြသည်။ မာနကြီးသော စကားများ၊ မောက်မာသော အပြုအမူများသည် လူအများ၏ မုန်းတီးမှုကို ခံရစေနိုင်ပြီး ရက်ရောသော အပြုအမူသည် လူအများ၏ ချစ်ခင်မှုကို ရရှိစေနိုင်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “နှုတ်ချိုလျှင် သူချစ်သည်၊ လက်တိုလျှင် သူပစ်သည်။နှုတ်ကြီးလျှင် သူခွာသည်၊ လက်ကြီးလျှင်သူလာသည်ဟူ၍လည်း ဆိုထုံးရှိသည်။” []
  • “ချိုချဉ်သစ်သီး၊ ငယ်ကြီးဝေငှ၊ ပျူငှာပြ၍၊ ရှင်ကပြုပါ၊ လက်ကြီးခါလျှင်၊ လာသူမငြီး၊ နှုတ်ကြီးခါလျှင်၊ သူခွာလေမြဲ၊” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၅၂-ခန့်] ကျည်း။ ၁၁၁။
  3. [၁၁၈၇] သီလဝ ၅၃။