နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ

ဝီကီပီးဒီးယား မှ

နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မောင်မာမော်ကြွား လေလုံးထွားလျှင် မိတ်ဆွေအပေါင်းအသင်းတို့က စွန့်ခွာသွားတတ်သည်။ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲတတ်လျှင် မိတ်ဆွေအပေါင်းအသင်းတို့က မိမိထံ ချဉ်းကပ်လာတတ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။