နှင်းလူ

ဝီကီပီးဒီးယား မှ
'နှင်းလူ'
ကမ်ဂျုံ ဘုန်းကြီးကျောင်းမှ နှင်းလူ၏ ဦးရေပြားဟု ယူဆရသည့်အရာ
သတ္တဝါ
အမည်: နှင်းလူ
အခြားအခေါ်အဝေါ်များ Yeti,Abominable Snowman
Migoi, Meh-teh စသည်ဖြင့်
အမျိုးအစားခွဲခြားခြင်း
Grouping: Cryptid
Sub grouping: Homin, Hominid
အချက်အလက်များ
နိုင်ငံ နီပေါ၊ တိဘက်
ဒေသ ဟိမဝန္တာ
နေထိုင်ကျက်စားရာဒေသ: တောင်များ
လက်ရှိအနေအထား အတည်မပြု နိုင်သေး

နှင်းလူ သို့မဟုတ် ရေတီသည် လူဝံနှင့်တူပြီး ရှိသည်ဟု ယူဆရသော်လည်း သက်သေမပြနိုင်သေးသည့် သတ္တဝါဖြစ်ပြီး ဟိမဝန္တာဒေသဖြစ်သော နီပေါ နှင့် တိဘက်တို့တွင် ကျင်လည်ကျက်စားသည်ဟု ဆိုကြသည်။ ဒေသခံပြည်သူများက ရေတီ(Yeti) နှင့် မေတေး(Meh-Teh) ဆိုသည့် အမည်များဖြင့် သုံးစွဲခေါ်ဝေါ်လေ့ရှိကြပြီး သူတို့၏ သမိုင်းနှင့် ဒဏ္ဍာရီများနှင့် ဆက်စပ်နေသည်။

အထောက်အထား မရှိသောကြောင့် သိပ္ပံဆိုင်ရာ အသိုင်းအဝိုင်းမှ ပုံပြင်အဖြစ်သာ ယူဆကြသည်။ သို့သော် တိမ်မြုပ်နေသော သတ္တဝါများကို လေ့လာသည့်နယ်ပယ်တွင်မူ အထင်ရှားဆုံးသော သတ္တဝါတစ်ကောင် အဖြစ်ရှိနေဆဲ ဖြစ်သည်။