မာတိကာသို့ ခုန်သွားရန်

နွားရှိသသူ နွားကြောင့်ပူ၊ သားရှိသသူ သားကြောင့်ပူ

ဝီကီပီးဒီးယား မှ

နွားရှိသသူ နွားကြောင့်ပူ၊ သားရှိသသူ သားကြောင့်ပူ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“နွားရှိသသူ နွားကြောင့်ပူ၊ သားရှိသသူ သားကြောင့်ပူ” ဆိုသည်မှာ နွားများကို ပိုင်ဆိုင်ထားသူသည် နွားများ၏ အစာရေ၊ ကျန်းမာရေးနှင့် အခြားအရေးကိစ္စများကြောင့် စိုးရိမ်ပူပန်ရသကဲ့သို့ သားသမီးများကို ပိုင်ဆိုင်ထားသူသည်လည်း သားသမီးများ၏ အရေးကိစ္စအ၀၀ကြောင့် စိုးရိမ်ပူပန်ရသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ပိုင်ဆိုင်မှုနှင့်အတူ တာဝန်နှင့် စိုးရိမ်ပူပန်မှုများ ပါလာတတ်ကြောင်းကို ဖော်ပြသည်။ လူတို့သည် မိမိတို့၏ ပိုင်ဆိုင်မှုများ သို့မဟုတ် ချစ်ခင်ရသူများအတွက် သဘာဝအားဖြင့် စိုးရိမ်ပူပန်မှုများ ရှိတတ်ကြောင်းကို ဤဆိုရိုးစကားဖြင့် ထင်ဟပ်စေသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “များလှအချိ၊ လူ့လောကိ၌၊ နွားရှိသသူ၊ နွားကြောင့်ပူသို့၊ ဤသူမခြား၊ ပုံအလားဖြင့်၊ သားရှိသသူ၊ သားကြောင့်ပူ၏။[]
  • “ပုတ္တိမာ-သည်၊ ပုတ္တေဟိ-သားတို့ဖြင့်၊ သောစတိ-စိုးရိမ်၏၊ ဂေါမာ-သည်၊ ဂေါဟိ-နွားတို့ဖြင့်၊ တထေဝ- ထို့အတူသာလျှင်၊ သောစတိ-စိုးရိမ်၏။” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၆၆] မဃ ၁၅၈။
  3. [၁၃၂၆] သသံနိ၊ ပ။ ၈။