မာတိကာသို့ ခုန်သွားရန်

နေရာဆက်တိုက်ပြ နာမ်ဝိဘတ်

ဝီကီပီးဒီးယား မှ

နေရာအဆက်မပြတ်ဖြစ်ခြင်းကို ပြသော နာမ်ဝိဘတ်ကို နေရာဆက်တိုက်ပြဝိဘတ် ဟု ခေါ်သည်။

သာဓက - ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရွာလယ်မှ ရွာဦးကျောင်းတိုင်အောင် လမ်းဖို့ လုပ်အားပေးကြသည်။

ဤဝါကျ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မည်သည့်နေရာမှ မည်သည့်နေရာထိ ဆက်တိုက် လမ်းဖို့ လုပ်အားပေးကြကြောင်းကို ဖော်ပြထားသည်။ ကြက်ခြေနီအဖွဲ့ဝင်များသည် ရွာလယ်မှ ရွာဦးကျောင်းအထိ ဆက်တိုက် လမ်းဖို့ လုပ်အားပေးကြကြောင်းကို ရွာဦးကျောင်း ဟူသော နာမ်နောက်ရှိ တိုင်အောင် ဟူသော ဝိဘတ်က ပြသည်။ ထို့ကြောင့် တိုင်အောင် သည် နေရာဆက်တိုက်ပြဝိဘတ် ဖြစ်သည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း