နီရိုး

ဝီကီပီးဒီးယား မှ
Nero

အေဒီ ၃၄ - ရောမမြို့အနီးတွင် မွေးဖွားသည်။ အေဒီ ၅၄ - ဖခင် ကလောဒီးယပ်စ်၏ အရိုက်အရာကို ဆက်ခံပြီး ရောမဧကရာဇ် ဖြစ်လာသည်။ အေဒီ ၆၄ - ရောမမြို့ကြီး မီးကြောင့် ဆိုးဝါးစွာ ပျက်စီးဆုံးရှုံးသည်။ ထိုမီးလောင်မှုကြောင့် ခရစ်ယန်များအပေါ် နီရိုး၏ နှိပ်ကွပ်မှုကို တိုက်တွန်း လှုံ့ဆော်သည့် သဘော သက်ရောက်၊ အေဒီ ၆၈ - ဆီးနိတ်၏ ထောက်ခံအားပေးမှုဖြင့် စစ်ဗိုလ်ချုပ်ကြီးများ၏ နန်းချခြင်းကိုခံရသည်။ မိမိကိုယ်မိမိသတ်သေသွားသည်။

ရောမအင်ပါယာကြီးဟာ နှစ်ပေါင်းငါးရာကျော်ကြာအောင် တည်တံ့ခဲ့ပါတယ်။ ရောမအင်ပါယာရဲ့ တန်ခိုးအဏာစက် အထက်မြက်ဆုံး.. အကြီးကျယ်ဆုံးအချိန်မှာ အဘက်ဘက်သို့ အာဏာစက် ဖြန့်ကျက် ပျံ့နှံ့ခဲ့ပါတယ်။ တောင်ဘက်မှာဆိုရင် အီဂျစ်ပြည်ထိ၊ မြောက်ဘက်မှာဆိုရင်ဗြိတိသျှကျွန်းစုထိ အနောက်ဘက်မှာဆို စပိန်နိုင်ငံ၊ အရှေ့ဘက်မှာဆိုရင် ကက်စပီယံပင်လယ်ထိ ဩဇာအာဏာဖြန့်ကျက် သက်ရောက်ခဲ့ပါတယ်။ တစ်ခါတစ်ရံ အဲဒီအင်ပါယာကြီးကို ဆီးနိတ် လွှတ်တော်က အုပ်ချုပ်တယ်။ တစ်ခါတစ်ရံမှာတော့ စစ်ဗိုလ်ချုပ်ကြီးတွေက အုပ်ချုပ်တယ်။ ပထမဦးဆုံး ဧကရာဇ် ဘုရင် အဖြစ် အမည်ခံပြီး အုပ်ချုပ်ခဲ့သူကတော့ ဩဂတ်စတပ်ဆီဇာ ဖြစ်ပါတယ်။ သူက ရောမမြို့တော်ကို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး မြို့တော်ကြီး ဖြစ်အောင် ပြုလုပ်ခဲ့တယ်။ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ လက်အောက်ခံ နိုင်ငံတွေကနေ ရောမမြို့တော်သို့ လမ်းမကြီးတွေ ဖောက်လုပ်ဆက်သွယ်စေတဲ့ စနစ်တစ်ခုကိုချမှတ်ခဲ့တယ်။ သူ(သေသွားပြီး)နောက်ပိုင်းသူ့အရိုက်အရာကိုဆက်ခံတဲ့ ဧကရာဇ်တိုင်းကတော့

သူ့လောက် ကြီးကျယ်မြင့်မြတ်မှု ကောင်းမြတ်မှုမရှိကြဘူး။ အဲဒီအထဲမှာ အလွန်ဆိုးတဲ့ တစ်ယောက်ကတော့ နီးရိုး ဘုရင် ပါပဲ။ နီးရိုးဟာ သူ့ပထွေးတော် ကလောဒီးယပ်စ်ရဲ့ အရိုက်အရာကို ဆက်ခံရင်း ဧကရာဇ် ဘုရင် ဖြစ်ခဲ့တယ်.။ သူ့ရဲ့ ဧကရာဇ်ရာထူး အာဏာ သေချာတည်မြဲဖို့ အတွက် သူ့မိခင်ရော သူ့ဇနီးကိုပါ သူက သုတ်သင် သတ်ဖြတ်ခဲ့တယ်။ သူတို့ကို သူက သံသယဝင်တယ်လေ။ သူ့ကိုဆန့်ကျင်ပြီး သူ့အရိုက်အရာ ကျအောင် သူတို့က လျှို့ဝှက် ပူးပေါင်းကြံစည်တယ်လို့ သံသယဝင်တာ။ အဲဒီနောက်ပိုင်းမှာတော့ သူဟာ မကြောင့်မကြဘဝနဲ့ သက်တောင့်သက်သာ စံပယ်တယ်။ အင်ပါယာနိုင်ငံကို အာရုံစိုက် စိုးမိုးအုပ်ချုပ်ရမယ့်အစား အလဟဿ အချိန်ဖြုန်းအပျော်အပါး လိုက်စားပြီး သူ့ရဲ့ အချိန်ကာလတွေကို ကုန်လွန်စေခဲ့တယ်။ သူက သူ့ကိုယ်သူ အလွန်တော်တဲ့ ထိပ်တန်းမင်းသားတစ်ယောက် ဂီတပညာရှင်တစ်ယောက်လို့ ထင်မြင်ယူဆတယ်။ ဒါကြောင့် သူ့ရဲ့ အနုပညာတင်ဆက်မှု သရုပ်ဆောင်မှုတွေကို လာရောက်ကြည့်ရှုဖို့ လူတွေကို အမိန့်ထုတ်ဆင့်တယ်။ (မှတ်တမ်းများအရ) ကြားသိရသလောက်တော့ သူဟာ အနုပညာပါရမီ မရှိလှပါဘူး။ ပင်ကိုစွမ်းရည် မရှိဘူးပေါ့။ သို့သော်လည်း သူ့ကို ဘယ်သူကမှ အဲဒီလို မပြောဝံ့ပါဘူး။ သူ့လက်ထက် အဆိုးဆုံးကာလကတော့ ရောမအင်ပါယာရဲ့ သမိုင်းဝင် အဆောက်အအုံတွေ မော်ကွန်းတိုင်တွေ အမြောက်အမြားကို ဖျက်ဆီးဝါးမျိုခဲ့တဲ့ အလွန်ပြင်းထန်တဲ့ မီးကြီးလောင်ကျွမ်းတဲ့ အချိန်ကာလပါပဲ။ ကျွန်တော်တို့ သိရသလောက် နီရိုးက ခရစ်ယန်တွေကို အပြစ်ဖို့တယ်။ သူတို့ဟာ အင်ပါယာ နိုင်ငံတော်ရဲ့ ဒေသတွေမှာ ဒုက္ခတွေ ဖန်တီးနေကြတယ်ပေါ့။ ဒီတော့ သူတို့ အပေါ် ဒေါသတွေ မကျေချမ်းမှုတွေ ဖြစ်လာအောင် လှုံ့ဆော်ဖို့ လွယ်တာပေါ့။ သူက သူတို့အထဲက အမြောက်အမြားကို ဖမ်းဆီးစေတယ်။ သူတို့ကို ဆိုးဝါးကြောက်မက်ဖွယ်ကောင်းတဲ့ ရောမပြိုင်ကွင်းကြီးထဲ (တောရိုင်းတိရစ္ဆာန်တွေ ကြားမှာ) လွှတ်ပေးလိုက်တယ်။ ထွက်မပြေးနိုင်အောင် ကာရံထားတဲ့ ပြိုင်ကွင်းအတွင်း (ကျား၊ ခြင်္သေ့) စတဲ့ တောရိုင်းတိရစ္တာန်တွေ သတ်ဖြတ်စားသောက်တာခံဖို့ လွှတ်ပေးတာ။ နီးရိုးဟာ သူ့ရဲ့ပိုင်နက်နယ်ပယ် တစ်ခွင်မှာ ကြီးလေးတဲ့ အခွန်အတုတ်တွေကို တိုးမြင့်ကောက်ခံတယ်။ ရောမမြို့ကြီးကို ပြန်လည်တည်ဆောက်တဲ့ နေရာမှာ သုံးဖို့ဆိုပြီး ကောက်တာ။ အဲဒီကြီးလေးတဲ့ အခွန်ကောက်ခံမှုက တိုင်းပြည်တစ်ခွင်တစ်ပြင်လုံး အကြီးအကျယ် မကျေနပ်မှုကို ဖြစ်စေတယ်။ အချို့သမိုင်းပညာရှင်တွေကတော့ နီးရိုးဘုရင်ဟာ သူ့ကို လူတွေက ပြောဆိုစွပ်စွဲသလောက်ကြီး ဆိုးတာ မဟုတ်ပါဘူးလို့ လျှောက်လဲ ပြောကြားရေးသားကြတယ်။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တစ်စုက စုပေါင်းပြီး သူ့ကို တော်လှန်ပုန်ကန်ကြတယ်။ ဒီတော့ သူလည်း သူ့ကိုယ်သူ အဆုံးစီရင်ပြီး သတ်သေခဲ့ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

ဦးသိန်းလွင်ရေး ထူးခြားထင်ရှားပုဂ္ဂိုလ်များမှ