နို့မလိုင်

ဝီကီပီးဒီးယား မှ

နို့မလိုင် (မလိုင် သို့မဟုတ် ကရင် လည်းခေါ်) သည် နို့ထွက်ပစ္စည်းတမျိုးဖြစ်ပြီး ဟိုမိုဂျန္နိုင်ဇေးသျှင်းခေါ် အဆီထုတ်နည်းသုံးကာ လုပ်ထားသော အဆီပါနှုန်းမြင့် နို့နှစ်အပေါ်လွှာဖြစ်သည်။ အဆီမထုတ်သောနို့၌ အဆီသည် အပျစ်နည်းသော အပေါ်ယံသို့ တဖြည်းဖြည်းချင်း တက်လာလေ့ရှိသည်။ သို့သော် စက်မှုနည်းသုံးကာ ကရင်ထုတ်ပါက အဆီမြန်မြန်တက်အောင် ဆပ္ပရေတာခေါ် မွှေဒလက်ဖြင့် အဆီတက်အောင် ခပ်သွက်သွက်လှုပ်သည်။ နိုင်ငံအများစုတွင် ထောပတ်ဆီပါဝင်နှုန်းပေါ်မူတည်ကာ အတန်းအစားခွဲ၍ ရောင်းတတ်သည်။ အဝေးအရပ်ရှိ ဈေးကွက်သို့ အတွေးထက်ပြီးရောင်းလိုသူတို့က အမှုန့်အဖြစ် အခြောက်ခံ၍ အရောင်းဉာဏ်ဆင်သည်။ ကရင်ခြောက်ကား ပြည့်ဝဆီ အလွန်မြင့်လေ၏။

နို့မှထုတ်သော ကရင်ကို မလိုင်ချို ခေါ်သည်။ ဒိန်ရည်မှ အဆီတက်ကာ မလိုင်တက်တတ်သေးသောကြောင့်တည်း။ ယင်းမလိုင်ကား အဆီပါနှုန်းနည်းပြီး ခပ်ငန်ငန် ခပ်တန်တန်အရသာထွက်ကာ ဒိန်ခဲနှင့်အရသာနီးသည်။ နိုင်ငံအများစု၌ မလိုင်ကိုပင် အချဉ်ဖေါက်ကာ မလိုင်ချဉ်၊ (အမျိုးသမီးတို့ ပေါင်ဒါတို့သော ခရင်ဖတ်နှင့် အသံတူသည့် ပြင်သစ်စာ မလိုင်ချဉ်တမျိုးဖြစ်သော) ခရင်ဖတ်၊ အစရှိသည်တို့ကို ရောင်းတတ်သည်။ မလိုင်ချိုကိုဖြစ်စေ မလိုင်ချဉ်ကိုဖြစ်စေ ဟင်းလျာများ၌ ချိုချဉ်ငန်ခါး အရသာပွားစေရန် သုံးသေးသည်။ မလိုင်ကိုပင် အချဉ်ဖေါက်ကာ ဟင်းခတ်သုံးပစ္စည်းအဖြစ် ရောင်းလေ့ရှိသည်။

ခြံများ၌မွေးသော နွားများမှာ ကျွေးသောအစာပေါ်မူတည်၍ ဝါဖန့်ဖန့်အရောင်ရှိသော နို့ထွက်သည်။ ထို့ကြောင့် ဖြူဝါဝါရောင်ကို အနောက်နိုင်ငံတို့၌ မလိုင်ရောင်ခေါ်သည်။ ဆိတ်၊ ကျွဲနှင့် ကျောင်းနွားတို့မှာမူ အဖြူရောင်နို့သာ ထွက်လေသည်။