နိုရာဟူစိန်

ဝီကီပီးဒီးယား မှ
Noor Hossain
Photograph of Hossain
Noor Hossain, before he was killed protesting the autocratic rule of Hussain Muhammad Ershad on November 10, 1987 at Zero Point Dhaka. Photo Taken By Dinu Alam
ဇာတိ အမည်নূর হোসেন
မွေးဖွား1961
Bangladesh
ကွယ်လွန်November 10, 1987 (aged 26)
Dhaka, Bangladesh
သေဆုံးရခြင်း အကြောင်းရင်းShot by firearms by the Bangladesh Police
ထာဝရ နားခိုရာနေရာJurain, Dhaka[၁][၂]
အထိမ်းအမှတ်များNoor Hossain Square (formerly Zero Point)
နိုင်ငံလူမျိုးBangladeshi
ကျော်ကြားမှုအရင်းခံBeing a symbol of opposition against Ershad's government and later as a symbol for the democracy movement in Bangladesh[၁]
နိုင်ငံရေးပါတီAwami Jubo League
မိဘ(များ)Mujibur Rahman (father)
Marium Bibi (mother)[၃]
ဆွေမျိုးသားချင်းAli Hossain (brother),[၄] Delwar Hossain (brother)[၃]

နိုရာဟူစိန် (Bengali: নূর হোসেন; Anglicised: Nur Hossain, 1961 – November 10, 1987) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဇီးရိုးပွိုင့်အနီတွင် ဖြစ်ပွားခဲ့သည့် သမ္မတဟူစိန် မိုဟာမဒ် အာရှတ်အား ဆန္ဒပြပွဲအတွင်း ၁၉၈၇ ခုနှစ် နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်ရဲများ ပစ်ခတ်သောကြောင့် သေဆုံးခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်လူမျိုး ဒီမိုကရေစီအရေး တတ်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် သူသေဆုံးခဲ့ရသည် ဇီးရိုးပွိုင့်နေရာအား နိုရာဟူစိန်ရင်ပြင် ဟူ၍ အမည်ပေးခဲ့ပြီး သူသေဆုံးခဲ့ရသည်နေ့အား ရှိူဟတ် နိုရာဟူစိန်နေ့ အဖြစ် နှစ်စဉ်ကျင်းပရန် အစိုးရက သတ်မှတ်ပေးခဲ့သည်။ သူ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒီမိုကရေစီခေတ်ဦး လှုပ်ရှားမှုများ သူရဲကောင်းအဖြစ် အသိအမှတ်ပြုကြလေသည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဖခင်ဘက်မှ ဆွေးမျိုးများရှိသည့် ပီရော့ဂျပါခရိုင် မတ်ဘူရီယ ဥပေါသလတွင်ရှိသည့် ဂျစ်တီဘူနီယာရွာတွင် နေထိုင်ခဲ့သည်။ ၎င်း၏ဖခင် မူဂျီဘူ ရာဟ်မန်သည် သုံးဘီးမောင်းသူတစ်‌ေယာက်ဖြစ်သည်။ ထို့နောက် ၁၉၇၁ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲအတွင်း ဒါကာရှိ ဘန်ဂရမ်လမ်း ၇၉/၁သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ ထို့နောက် ဒါကာရှိ အထက်တန်းကျောင်းတစ်ခုတွင် အဋ္ဌမတန်းသို့ တတ်ရောက်ပညာသင်ကြားခဲ့သော်လည်း ဆင်းရဲသောကြောင့် ကျောင်းထွက်ခဲ့ရသည်။ ကျောင်းထွက်ပြီး ဖခင်ကဲ့သို့ သုံးဘီးမောင်းရန်အတွက် ယာဉ်မောင်းသင်တန်းတစ်ခုသို့ တတ်ရောက်ပညာသင်ခဲ့သည်။ နိုင်ငံရေးတွင် စိတ်ဝင်စားသည့်အလျောက် ဒါကာမြို့ရှိ နိုင်ငံရေးပါတီဖြစ်သည့် ဂျောင်ဘိုအဖွဲ့ချုပ် ဘန်ဂရမ်ယူနစ်ကော်မတီ ပြန်ကြားရေး အတွင်းရေးမှူးအဖြစ် ဖြစ်လာခဲ့သည်။ သူသည် ပညာတတ်လူတန်းစားလည်း မဟုတ်သလို ကြေးရတတ်လည်းမဟုတ်ချေ။ သူသည် နိုင်ငံ၏ဆင်းရဲသည့် သာမန်လူတန်းစား၏ ရုန်းကန်နေရခြင်း ပြယုဒ်အဖြစ် ဖော်ပြနေပြီး ပြည်သူ့သင်္ကေတဖြစ်လာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NewAgeObserved
  2. "Shaheed Noor Hossain Day today"၊ November 10, 2009။ June 10, 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  3. ၃.၀ ၃.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NewAgeMother
  4. Hossain၊ Ashik။ "'Ershad should have been hanged'"၊ November 10, 2012။ June 10, 2013 တွင် ပြန်စစ်ပြီး