မာတိကာသို့ ခုန်သွားရန်

နိရှိခိဈေး

ဝီကီပီးဒီးယား မှ
A gate to the market
Fish sale
Nishiki Market in December, 2022

နိရှိခိဈေး (錦市場, Nishiki Ichiba ) သည် ကျိုတိုမြို့၏ မြို့လယ်တွင် တည်ရှိသည့် ဈေးတစ်ခု ဖြစ်သည်။ နိရှိခိခိုးဂျိလမ်း၏ အရှေ့ဘက်အဆုံးပိုင်းတွင် တည်ရှိသည်။[၁] ရှိဂျောလမ်းနှင့် အပြိုင်တည်ရှိပြီး တဲရမချိလမ်း၏ အနောက်ဘက်တွင် တည်ရှိသည်။ သမိုင်းကြောင်းနှင့် ရိုးရာအစဉ်အလာရှိသည့် ဈေးတစ်ခုဖြစ်ပြီး ကျိုတို၏ နာမည်ကြီး အစားအစာများနှင့် ကုန်ပစ္စည်းများကို ရရှိနိုင်သည့် နေရာတစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၇၈၂ ခုနှစ်အစောပိုင်းတွင် ဤနေရာ၌ ငါးရောင်းချမှုများကို လုပ်ဆောင်ခဲ့သည်။ အေးမြသည့် မြေအောက်ရေကို ရရှိသည့်အတွက် ငါးများနှင့် အခြားအသားများကို လတ်ဆတ်စွာထိန်းသိမ်းထားရန်အတွက် သင့်တော်သည့်နေရာ ဖြစ်သည်။ ထို့အပြင် ကျိုတိုနန်းတော်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။[၂]

၁၆၁၅ ခုနှစ်တွင် “ဘခုဖုအစိုးရ” သည် ထိုနေရာတွင် ငါးများကို ရောင်းချရန်အတွက် တရားဝင်ခွင့်ပြုပေးခဲ့သည်။ ဤသည်မှာ လက်ရှိအချိန်အတွင် ထင်ရှားသည့်ဈေးတစ်ခု ဖြစ်လာစေမည့် ပထမဆုံးခြေလှမ်းတစ်ခု ဖြစ်ခဲ့သည်။[၃][၄]

၁၈၈၃ ခုနှစ်တွင် မဲဂျိခေတ်ကာလ ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီးသည့်နောက်တွင် ပြင်းထန်သည့်ပြိုင်ဆိုင်မှုများကြောင့် ဈေးဆိုင်အရအတွက်သည် ၇ ခုအထိ လျော့ကျသွားခဲ့သည်။[၂]

၁၉၁၁ ခုနှစ်တွင် အဖွဲ့အစည်းအသစ်တစ်ခုသည် ထိုနေရာကို ငါးနှင့် ပင်လယ်ထွက်ပစ္စည်းများ ရောင်းချရာဈေးအဖြစ် အားပေးထောက်ကူခဲ့သည်။ ရလဒ်အနေဖြင့် ဈေးကို သစ်ဆန်းသည့် ဈေးတစ်ခုအနေဖြင့် မြင်တွေ့ခဲ့ရသည်။[၂]

၁၉၂၇ ခုနှစ်တွင် ကျိုတိုမြို့ဗဟိုလက်ကားဈေးကို ဖွင့်လှစ်ခဲ့ပြီး များစွာသော စတိုးဆိုင်များသည် နိရှိခိဈေးမှ ထိုနေရာသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။ ၁၉၂၈ ခုနှစ်တွင် အဖွဲ့အစည်းအသစ်တစ်ခုက သစ်သီးများ၊ အရွက်များ၊ အသားနှင့် အခြားစားသောက်ကုန်များကို ဖွင့်လှစ်ရောင်းချကြရန် ဆော်ဩခဲ့ကြသည်။ ထိုအခါမှစ၍ ဈေးသည်လည်း “ကျိုတိုမြို့၏ မီးဖိုချောင်” ဟူ၍ စတင်ကာ သိရှိလာခဲ့သည်။[၃]

၁၉၈၄ ခုနှစ်တွင် လက်ရှိကျောက်သားကြမ်းပြင်များကို တပ်ဆင်ခဲ့ပြီး အမိုးခုံးပုံစံမျက်နှာကြက်ကို ၁၉၉၃ ခုနှစ်တွင် တပ်ဆင်ခဲ့သည်။[၂]

၂၀၀၅ ခုနှစ်တွင် “နိရှိခိဈေး” သည် မြို့တော်၏ အမှတ်သင်္ကေတတစ်ခုအနေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။[၂][၅]

လက်ရှိကာလ[ပြင်ဆင်ရန်]

လက်ရှိအချိန်တွင် နိရှိခိဈေးသည် နိရှိခိုခိုးဂျိလမ်းပေါ်တွင် တည်ရှိသည်။ တခခုရလမ်းနှင့် တဲရမချိလမ်းတို့အကြား တည်ရှိသည့် ဤဈေးသည် ခန့်မှန်းခြေ ၄၀၀ မီတာခန့် ရှည်လျားသည်။ ဈေး၏ ပုံစံမှာ လမ်းကျဉ်းလေးပေါ်တွင် အမိုးခုံးပါဝင်တည်ဆောက်ထားသည့်ပုံစံ ဖြစ်သည်။[၁] ဈေးတွင် သစ်သီးများ၊ အရွက်များ၊ ငါးနှင့် ကုန်ခြောက်များနှင့် အခြားပစ္စည်များလည်း ဝယ်ယူရရှိနိုင်သဖြင့် “ကျိုတို၏ မီးဖိုချောင်” ဟုလည်း ခေါ်ကြသည်။[၆]

ဈေးဆိုင်များ[ပြင်ဆင်ရန်]

  • အရိဆွတ်ဂု - လက်လုပ်ဓားများရောင်းချသည့်အတွက် ထင်ရှားသည်။ ၎င်းဆိုင်ကို ၁၅၆၀ ခုနှစ်တွင် ဓားလုပ်ငန်းကျွမ်းကျင်သူဖြစ်သည့် အရိဆွတ်ဂုဖုဂျိဝရက ဖွင့်လှစ်ခဲ့သည်။
  • ဒိုင်းယဆု 大安 (daiysu)- ယောက်သွားများရောင်းချခြင်းဖြင့် အမည်ကြီးသည်။
  • နိရှိခိတခခုရယ - ကျိုတိုစတိုင် ဆွတ်ခဲမိုနိုကို ရောင်းချခြင်းဖြင့် လူသိများသည်။
  • နိရှိခိခိုးဂျိမရခိ - အိုယခိုဒွန်းနှင့် နိရှင်းဆိုဘ တို့ကို ရောင်းချပြီး ဂျပန်ရိုးရာစားသောက်ဆိုင်တစ်ခုဖြစ်သည်။
  • မိုရိ - ခယောယဆအိကို ရောင်းသည့်ဆိုင် ဖြစ်သည်။
  • မဆုဂိုဟိဂရှိတန်း - ခယောယဆအိ, အရွက်များနှင့် ကျိုတိုစတိုင် ဆွတ်ခဲမိုနိုတို့ကို ရောင်းချသည့်ဆိုင် ဖြစ်သည်။
  • တိုးအန်းနိရှိခိခိုးဂျိတန်း - ကျိုတိုမြို့ထွက် အိုးများကို ရောင်းချသည်။
  • အုချိဒဆွတ်ခဲမိုနို - ဆွဲခဲမိုနို ရောင်းချသည့်ဆိုင် ဖြစ်သည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 35°0′18.1″N 135°45′58.1″E / 35.005028°N 135.766139°E / 35.005028; 135.766139

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ 錦小路通 具足小路 京都通百科事典 (in ja)။ 2020-10-01 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ 錦市場商店街 | 錦市場の歴史။ 2020-10-14 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ 錦市場・錦小路,Nishiki Market,Kyotofukoh။ 2020-10-14 တွင် ပြန်စစ်ပြီး။
  4. 400年の歴史 京都の台所「錦市場」 「インバウンド(訪日外国人旅行)」で大人気!။ 2020-10-14 တွင် ပြန်စစ်ပြီး။
  5. Utsu၊ Katsumi။ Regional activation efforts using the Nishiki Brand (in Japanese)။ 2020-10-14 တွင် ပြန်စစ်ပြီး။
  6. 錦市場။ 2020-10-14 တွင် ပြန်စစ်ပြီး။