နိရဉ္စရာသတင်းဌာန
| တည်ထောင်သည့်နှစ် | ၂၀၀၁ |
|---|---|
| ဝက်ဘ်ဆိုက် | burmese.narinjara.com |
နိရဉ္စရာသတင်းဌာန (Narinjara News Agency) ကို ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကားမြို့တွင် စတင်တည်ထောင်သည်။ နိရဉ္စရာသတင်းဌာနသည် ပထမဆုံးသော ရခိုင် သတင်းဌာနလည်းဖြစ်သည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]အမည်၏ အဓိပ္ပါယ်
[ပြင်ဆင်ရန်]နိရဉ္စရာသတင်းဌာန (Narinjara News Agency) ၏ အမည်ရင်းမြစ်မှာ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ ဘုရားဖူးဒေသဖြစ်သော အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာမြို့ကို ဖြတ်သန်းစီးဆင်းသော နိရဉ္စရာမြစ် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ကျော်က ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် နိရဉ္စရာမြစ်ရေတွင် ရွှေခွက်တစ်ခုကို မျှောခဲ့ရာ ရေဆန်အတိုင်း စီးမျောသွားခဲ့သည်။ ထိုအဖြစ်အပျက်သည် ကိုယ်တော်၏ ကြာမြင့်စွာ ကြိုးပမ်းအားထုတ်ပြီးနောက် ဉာဏ်အလင်းပွင့်ခြင်းကို ရည်ညွှန်းသည်။
ထို့အပြင် မြန်မာ့သမိုင်းတွင် နိရဉ္စရာ သည် ရှေးဟောင်းရခိုင်ဘုရင်နိုင်ငံ၊ လေးမြို့ခေတ် (Lemro dynasty) က ထွန်းကားခဲ့သော ရှေးဟောင်းမြို့ပြနိုင်ငံတစ်ခု၏ အမည်လည်းဖြစ်သည်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ငြိမ်းချမ်းရေးရရှိလိုသောကြောင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသော နိရဉ္စရာ အမည်ကို သတင်းဌာနအတွက် ပေးခဲ့ခြင်း ဖြစ်သည်။[၁]
ဖွဲ့စည်းခြင်း
[ပြင်ဆင်ရန်]နိရဉ္စရာသတင်းဌာန (Narinjara News Agency) ကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် ရခိုင်ဒီမိုကရေစီလှုပ်ရှားသူအများအပြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ စတင်တည်ထောင်ခဲ့သည်။ ၎င်းတို့၏ မီဒီယာအလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ လှုပ်ရှားမှုများသည် ၂၀၀၀ ပြည့်နှစ်၊ ဧပြီလတွင် Burma Relief Center (BRC) က စီစဉ်သော ဆွေးနွေးပွဲမှ စတင်ခဲ့ပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လှုပ်ရှားသူများကို ရွေးချယ်ကာ ပါဝင်စေခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်လည်း ရခိုင်ပြည်နယ်အတွင်းမှ လှုပ်ရှားသူများအတွက် နောက်ထပ်အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်၊ ဧပြီလတွင် သတင်းဌာန၏ အကြီးတန်းအယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့သည် ကာလကတ္တားမြို့တွင် ပြုလုပ်သည့် သင်တန်းကို တက်ရောက်ခဲ့သည်။ ထိုသင်တန်းတွင် BBC၊ AIR နှင့် PTI မှ အကြီးတန်းသတင်းထောက်နှင့် အယ်ဒီတာများက သင်တန်းပေးခဲ့သည်။ ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလတွင် အယ်ဒီတာချုပ်သည် ချင်းမိုင်မြို့ရှိ Internews က စီစဉ်သော သတင်းရေးသားမှုနှင့် တည်းဖြတ်မှုဆိုင်ရာ သင်တန်းတိုတစ်ခုကို တက်ရောက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလတွင်လည်း နိရဉ္စရာမှ အဖွဲ့ဝင် ၆ ဦးသည် ဒါကာမြို့၌ Internews ၏ ၆ ရက်ကြာ သတင်းစာပညာသင်တန်းကို ထပ်မံတက်ရောက်ခဲ့ကြသည်။
အဖွဲ့ဝင်ခြင်း
[ပြင်ဆင်ရန်]နိရဉ္စရာသတင်းဌာနသည် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့(Burma News International) ၏ အဖွဲ့ဝင် သတင်းဌာန ဖြစ်သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ About NARINJARA။ Narinjara။ 26 August 2025 တွင် ပြန်စစ်ပြီး။
- ↑ BNI အကြောင်း။ BNI။ 26 August 2025 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |