နိမြို့

ဝီကီပီးဒီးယား မှ

နိ (ပြင်သစ်: Nice ) သည် ပြင်သစ်ရှိ သတ္တမမြောက် လူဦးရေအထူထပ်ဆုံး မြို့ပြဒေသဖြစ်ပြီး အလပ,မဟိတီမာခရိုင် (Alpes-Maritimes department) ၏ မြို့တော်တည်း။ နိ၏ မြို့ပြဧရိယာသည်ပင် မြို့အုပ်ချုပ်ရေးအတိုင်းအတာကို ကျော်လွန်ကာ ၇၄၄ စတုရန်းကီလိုမီတာ (၂၈၇ စတုရန်းမိုင်) အတွင်း လူဦးရေ ၁ သန်းကျော် နေထိုင်သည်။ [၁] [၂]ပြင်သစ်တောင်ပိုင်း မြေထဲပင်လယ်၏ ကမ်းခြေဖြစ်သော ဖရန့်ရေဗီယာရာနှင့် အလပတောင်တန်း၏ အခြေတွင် ရှိသည်။ နိသည် ပြင်သစ်၏ မြေထဲပင်လယ်ကမ်းခြေတလျှောက် မြို့များအနက် အလပကွတ်ဒဲ့ဇူယော်ပြည်နယ် (Provence-Alpes-Côte d'Azur) တွင် မာဆေးနောက် ဒုတိယအကြီးဆုံး ဖြစ်သည်။ မိုနာကိုမြေမှ ၁၃ ကီလိုမီတာ (၈.၁ မိုင်) အကွာ၊ ပြင်သစ်-အီတလီနယ်စပ်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) တွင် ရှိပြီး နိလေဆိပ်သည် ဒေသတွင်းဝင်ထွက်ရာ တံခါးပေါက်အဖြစ် တာဝန်ထမ်းလျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Demographia: World Urban Areas. Demographia.com, April 2016.
  2. Comparateur de territoire: Unité urbaine de Nice (06701). INSEE.