နိဗ္ဗာန်ဘုံတွင် လမ်းပျောက်ခြင်း (ရုပ်ရှင်)
Lost in Paradise | |
---|---|
![]() | |
ဒါရိုက်တာ | Vũ Ngọc Đãng |
ဇာတ်ညွှန်း | Vũ Ngọc Đãng Lương Mạnh Hải |
သရုပ်ဆောင် | Lương Mạnh Hải Hồ Vĩnh Khoa Linh Sơn Phương Thanh Hiếu Hiền |
ထုတ်လုပ်ရေး ကုမ္ပဏီ | BHD |
ထုတ်ဝေသူ | Vietnam Media Corp. Fortissimo Films (နိုင်ငံတကာ) |
ဖြန့်ချိသည့်နေ့ |
|
ကြာမြင့်ချိန် | ၁၀၃ မိနစ် |
နိုင်ငံ | ဗီယက်နမ် |
ဘာသာစကား | ဗီယက်နမ် |
Box office | c. $၁,၀၀၀,၀၀၀[၁] |
ရောင်းရငွေ | c. $၁,၀၀၀,၀၀၀[၁] |
နိဗ္ဗာန်ဘုံတွင် လမ်းပျောက်ခြင်း (Lost in Paradise) သည် ၂၀၁၁ခုနှစ်တွင် ထွက်ရှိလာသည့် ဗီယက်နမ် ရုပ်ရှင်ကားတစ်ခုဖြစ်ပြီး၊ ဒါရိုက်တာ Vũ Ngọc Đãng မှရိုက်ကူးထားခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံမှ ပထမဦးဆုံး လိင်တူချစ်သူများနှင့် သက်ဆိုင်ရာ ရိုက်ကူးထားသည့် ဇာတ်ကားဟုလည်းဆိုနိုင်သည်။ အမည်ရင်းသည် ရှည်လျားပြီး ချောမွေ့လှသည့် ကောင်လေး နှင့် ခွိုင်၏ဘ၀၊ ပြည့်တန်စာ နှင့် ဘဲတစ်ကောင် ဟု အမည်ပေးထားသည်။ ရုပ်ရှင်သည် ဟိုချီးမင်းမြို့တော် ဆိုင်ဂုန်တွင် ရိုက်ကူးထားပြီး၊ အဓိက ဇာတ်ကြောင်း နှစ်ခုအပေါ် မူတည်ထားခြင်းဖြစ်သည်။ ဇာတ်ကြောင်းတစ်ခုသည် အမျိုးသား သုံးယောက်၏ အချစ်အရှုပ်တော်ပုံနှင့် အမျိုးသားပြည့်တန်ဆာဇာတ်ကြောနောက်ခံထားပြီး၊ ဒုတိယ ဇာတ်ကြောင်းမှာ စိတ်ရောဂါ မသန်စွမ်းသူတစ်ဦး နှင့် သူငယ်ချင်းဖြစ်သူ ဟန်(အမျိုးသမီးပြည့်တန်ဆာ) နှင့် ဘဲတစ်ကောင်အား မွေးဖွားရန် ကြိုးစားသည်ကို ပုံဖော်ထားခြင်းဖြစ်သည်။ ၎င်းရုပ်ရှင်သည် ဗီယက်နမ်နိုင်ငံတွင် အငြင်းပွားဆုံး ဇာတ်ကားတစ်ခုဖြစ်ခဲ့ပြီး၊ အောင်မြင်ခဲ့သော ရုပ်ရှင်လည်းဖြစ်သည်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ပြီး၊ ရောထွေးသည့် ဝေဖန်မှုများစွာလည်း ရရှိခဲ့သည်။ အထူးသဖြင့် လိင်တူချစ်သူများတည်ရှိနေမှုအပေါ် ဗီယက်နမ်ပြည်သူများဆီသို့ ရုပ်ရှင်လောကမှ အသိပေးထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Tuấn Thảo, Hot Boy nổi loạn : Phỏng vấn đạo diễn Vũ Ngọc Đãng (ဗီယက်နမ်), Radio France Internationale, 3 Feb, 2012, Retrieved 14 Feb, 2014