နာဆာ အယ်လ် ခါရဖီ

ဝီကီပီးဒီးယား မှ
နာဆာ အယ်လ် ခါရဖီ
မွေးသက္ကရာဇ် မတ်လ ၂၄၊ ၁၉၄၃

နိုင်ငံသား ကူဝိတ်
အလုပ်အကိုင် M.A. Kharafi & Sons ၏ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၈.၇ ဘီလျံ
သားသမီး ၅ယောက်

နာဆာ အယ်လ် ခါရဖီ ကို ၁၉၄၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး M.A Kharafi & Sons ကိုပိုင်ဆိုင်သော ကူဝိတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ သူ့ကုမ္ပဏီသည် ၄.၃ ဘီလျံဒေါ်လာဖြင့် ရောင်းဝင်လုပ်ကိုင်သည်။

သူသည် မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်း၊ ကူဝိတ်နှင့်အမေရိကန် အမျိုးသားဘဏ်၊ အမေရိကန်၏ Fast Food ကုန်သွယ်ရေးဆက်သွယ်ပေးသူ စသည်ဖြင့် အမျိုးမျိုးသော ရင်းနှီးမှုများတွင် ရှယ်ယာများပါဝင်ထားခြင်းဖြင့် အမြတ်ငွေများရနေသူဖြစ်သည်။

မိသားစု[ပြင်ဆင်ရန်]

သူ၏ အစ်ကိုကြီးဖြစ်သူ ဂျက်ဆင်မ် သည် ကူဝိတ်လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ သူ့ညီမဖြစ်သူ ဖိန်ဇာ သည် ကူဝိတ်တက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်သည်။

ငွေကြေးအခြေအနေ[ပြင်ဆင်ရန်]

သူသည် ကမ္ဘာအနှံ့ရှိ နိုင်ငံ ၃၀ ကျော်တွင် ဆောက်လုပ်ရေးလုပ်ငန်းများရှိသည်။ ၂၀၀၈ ခုနှစ်တွင် သူ၏ ငွေကြေးပိုင်ဆိုင်မှုသည် ၁၄ ဘီလျံဒေါ်လာရှိသဖြင့် ၄၈ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟု သတ်မှတ်ကြသည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် Liverpool ဘောလုံးအသင်းကို လွှဲပြောင်းဝယ်ယူရန် ဆက်သွယ်မှုလုပ်ခဲ့သော်လည်း ဈေးနှုန်းအနိမ့်ဖြင့် လက်လွှဲယူခြင်းဖြစ်သည်ဟုလည်း ယူဆရသည်။