နဠမာလိကာထေရီ
ပုံပန်းသွင်ပြင်
နဠမာလိကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ရှေးအတိတ်ဘဝ
[ပြင်ဆင်ရန်]နဠမာလိကာထေရီသည် တစ်ခုသော ဘဝတွင် စန္ဒဘာဂါမြစ်ကမ်းအနီးတွင် ကိန္နရီမ ဖြစ်ခဲ့၏။ ထိုကိန္နရီမသည် မြတ်စွာဘုရားအား ကျူပန်းကိုယူပြီးလျှင် ပူဇော်၏။ ထိုသို့ လှူဒါန်းခဲ့သည့် ကုသိုလ်မျိုးစေ့ကြောင့် သေလွန်ခဲ့သောအခါ တာဝတိံသာဘုံသို့ ရောက်ခဲ့၏။ နဠမာလိကာထေရီ သုံးဆယ့်ခြောက်ရောက်သော နတ်မင်းတို့၏ မိဖုရားလည်း ဖြစ်ခဲ့လေ၏။ ထို့ပြင် စကြဝတေးမင်းဆယ်ပါးတို့၏ မိဖုရားလည်း ဖြစ်ခဲ့ဖူး၏။[၁]