မာတိကာသို့ ခုန်သွားရန်

နယ်ဒါးမြ၊ စော

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်

စောနယ်ဒါးမြ
စီၤနၢၤဒါမၠး
ကော်သူးလေသမ္မတနိုင်ငံတော် သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဇန်နဝါရီ ၂၀၂၆

ဗိုလ်ချုပ် စောနယ်ဒါးမြ (အင်္ဂလိပ်: Saw Ner Dah Mya) သည် ကရင်လူမျိုး နိုင်ငံရေးသမားနှင့် လက်နက်ကိုင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း၌ ကော်သူးလေသမ္မတနိုင်ငံ (Republic of Kawthoolei) တည်ထောင်ကြောင်း ကြေညာခဲ့ပြီး အဆိုပါနိုင်ငံ၏ သမ္မတအဖြစ် မိမိကိုယ်ကိုယ် ခန့်အပ်ခဲ့သူဖြစ်သည်။[]

စောနယ်ဒါးမြသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခေါင်းဆောင်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သည်။ ၎င်းသည် ယခင်က ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တွင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ်တွင် ကော်သူးလေတပ်မတော် (Kawthoolei Army - KTA) ကို သီးခြားဖွဲ့စည်း တည်ထောင်ခဲ့သည်။

နိုင်ငံရေး လှုပ်ရှားမှု

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်အစောပိုင်းတွင် စောနယ်ဒါးမြသည် ၎င်း၏ထိန်းချုပ်နယ်မြေအတွင်း၌ သီးခြားလွတ်လပ်သော အုပ်ချုပ်ရေးယန္တရားတစ်ခုကို ထူထောင်ရန် ကြိုးပမ်းခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် “ကော်သူးလေသမ္မတနိုင်ငံ” ကို တည်ထောင်ကြောင်းနှင့် ၎င်းကိုယ်တိုင် သမ္မတအဖြစ် တာဝန်ယူကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။[]

ဗိုလ်မှူးကြီးစောနယ်ဒါးမြှဗိုလ်မှူးကြီးစောနယ်ဒါးမြ

ကိုးကား

[ပြင်ဆင်ရန်]
  1. ဧရာဝတီ (2026-01-06)။ “ကော်သူးလေ သမ္မတနိုင်ငံတော်” ထူထောင်လိုက်ပြီလို့ ကြေညာ (in en-US)။ 2026-03-03 တွင် ပြန်စစ်ပြီး။
  2. ကရင်တွေရဲ့ကော်သူးလေအိပ်မက် (in my) (2026-02-11)။ 2026-03-03 တွင် ပြန်စစ်ပြီး။