နယူတန်၏ စကြဝဠာဆိုင်ရာ ဒြပ်ဆွဲအားနိယာမ
နယူတန်၏ စကြဝဠာဆိုင်ရာ ဒြပ်ဆွဲအားနိယာမက ဖော်ပြသည်မှာ စကြဝဠာထဲရှိ ဝတ္ထုတိုင်းသည် အခြားဝတ္ထုများကို ဆွဲငင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ဒြပ်ထုများမြှောက်လဒ်နှင့် တိုက်ရိုက်အချိုးကျပြီး အကွာအဝေး၏ နှစ်ထပ်ကိန်းဖြင့် ပြောင်းပြန်အချိုးကျသော အားဖြင့် ဆွဲငင်ကြသည်။ ယင်းသည် ရှေးရိုး မက္ကင်းနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၁၆၈၆ ခုနှစ်တွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေသည့် နယူတန်၏ Principia စာအုပ်တွင် ပါဝင်ခဲ့သည်။ နယူတန်က သူ၏ စာအုပ်ကို Royal Society တွင် ပြသသောအခါ ရောဘတ် ဟုဒ်က ပြောင်းပြန်နှစ်ထပ်ကိန်း နိယာမသည် သူ့ဆီက ရရှိခဲ့သည်ဟု ပြောဆိုခဲ့သည်။ ယနေ့ခေတ်စကားဖြင့် ဆိုရလျင် အားဆိုသည်မှာ ထုထည်နှစ်ခု၏ ပေါင်းလဒ်နှင့် အချိုးကျပြီး ယင်းတို့၏အကွာအဝေးဖြင့် ပြောင်းပြန်အချိုးကျသည်။[၁]
စကြဝဠာဆိုင်ရာ ဒြပ်ဆွဲအား နိယာမအတွက် ညီမျှခြင်းမှာ -
- ဖြစ်သည်။
F သည် အရာဝတ္ထုနှစ်ခုကြားရှိ သက်ရောက်နေသော ဒြပ်ဆွဲအား၊ m1 နှင့် m2 သည် အရာဝတ္ထု၏ ထုထည်ဖြစ်ပြီး r သည် ထုထည်ဗဟိုနှစ်ခုကြားရှိ အကွာအဝေးဖြစ်ကာ G သည် ဒြပ်ဆွဲအား ကိန်းသေဖြစ်သည်။
၁၇၉၈ ခုနှစ်တွင် Henry Cavendish ဆိုသူက နယူတန်၏ ဒြပ်ဆွဲအားနိယာမအား ဓာတ်ခွဲခန်းထဲ၌ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ခဲ့သည်။[၂] နယူတန်၏ Principia ကျမ်းကို ပုံနှိပ်ထုတ်ဝေပြီး ၁၁၁ နှစ်အကြာ၊ နယူတန် သေဆုံးပြီး ၇၁ နှစ်အကြာမှ ယင်းစမ်းသပ်ချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
နယူတန်၏ နိယာမသည် အိုင်းစတိုင်း၏ ယေဘုယျ နှိုင်းရသီအိုရီဖြင့် အစားထိုးခြင်း ခံခဲ့ရသည်။ သို့သော် ဒြပ်ဆွဲအားနှင့်ပတ်သက်လာလျင် သူ၏နိယာမကို ဆက်လက်သုံးစွဲကြသည်။ နှိုင်းရသီအိုရီသည် အင်မတန်တိကျလိုသည့်အခါများ၌သာ အသုံးပြုသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Isaac Newton: "[In experimental] philosophy particular propositions are inferred from the phenomena and afterwards rendered general by induction": "Principia", Book 3, General Scholium, at p.392 in Volume 2 of Andrew Motte's English translation published 1729.
- ↑ The Michell-Cavendish Experiment 6 September 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Laurent Hodges