နမ်လော့ခလုတ်

ဝီကီပီးဒီးယား မှ
နမ်လော့ဖွင့်ထားသည်ကို LED မီးဖြင့် ပြသထားသည့် ကီးဘုတ်တစ်ခု

နမ်လော့ သို့မဟုတ် နူးမရစ်လော့ (⇭) သည် ကွန်ပျူတာကီးဘုတ်အများစုတွင် ပါဝင်သည့် ခလုတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ကပ်လော့ (Caps Lock) နှင့် စခရိုးလော့ (Scroll lock)ကဲ့သို့ပင် အဖွင့်အပိတ်ပြုလုပ်ရသည့် ခလုတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ကိန်းဂဏန်းခလုတ်၏ လုပ်ဆောင်မှုများ ပြုလုပ်နိုင်ရန်အတွက် အဖွင့် သို့မဟုတ် အပိတ် စသည့် အခြေအနေနှစ်ခုကို ဖော်ပြသည်။ ထိုသို့ဖော်ပြရာတွင် များသောအားဖြင့် အသုံးပြုသူအား မြင်သာစေရန် အဖွင့်အပိတ် အခြေအနေကို ဖော်ပြသည့် LED မီးတစ်ခုကို ကွန်ပျူတာကီးဘုတ်တွင် တပ်တင်ထားသည်။

အစောပိုင်း ခလုတ် ၈၄ ခုပါဝင်သည့် IBM PC ကီးဘုတ်များတွင် Cursor control သို့မဟုတ် Arrow ခလုတ်များသည် ကိန်းဂဏန်းခလုတ်အကွက်နှင့် တသီးတခြား မတည်ရှိပေ။ ထို့အတွက်ကြောင့် နမ်လော့ခလုတ်ကို ထည့်သွင်းလာကြသည်။ အစောဆုံးသောကီးဘုတ်များတွင်မူ ကိန်းဂဏန်းခလုတ်များ၊ Cursor control ခလုတ်များ (မြားခလုတ်များ) သည် သီးခြားစီ တည်ရှိခဲ့ကြသည်။ သို့သော်လည်း IBM သည် ‌အစောပိုင်းကာလ PC ကီးဘုတ်များတွင် ကုန်ကျစရိတ်လျှော့ချရန် ထိုနှစ်ခုကို ပေါင်းစပ်ခဲ့သည်။ အချို့လပ်တော့များတွင် နမ်လော့ခလုတ်သည် ပါဝင်လာမှု မရှိဘဲ ကီးများကို ပေါင်းစပ်အသုံးပြုရသည်။

ယခုခေတ်ကာလ ကီးဘုတ်များတွင် ကိန်းခဏန်းခလုတ်အကွက် (Numeric pad) နှင့် မြားခလုတ်တို့သည် သီးခြားပါဝင်လာကြသည်။ သို့သော်လည်း နမ်လော့ခလုတ်ကို အသုံးပြုမှုနည်းပါးကြပြီး အမြဲတမ်း ဖွင့်ထားကြသည်က များသည်။ လပ်တော့ကွန်ပျူတာများတွင် ကြုံတွေ့ရသည်မှာ နမ်လော့ကို ဖွင့်ပိတ်ပု့ရန်အတွက် Fn ကီးကို တွဲထက်အသုံးပြုရခြင်း ဖြစ်သည်။ လပ်တော့တစ်ခုသို့ ပြင်ပမှ full-size ကီးဘုတ်တစ်ခု ချိတ်ချက်အသုံးပြုသည့်အခါတွင် နမ်လော့သည် ပုံမှန်အားဖြင့် ပွင့်နေမည် ဖြစ်သည်။ အက်ပဲကီးဘုတ်များသည် မြားခလုတ်နှင့် ကိန်းဂဏန်းများကို အတူတကွ ပေါင်းစပ်ထားမှု မရှိပေ။ အက်ပဲမှ ထုတ်လုပ်သည့် ကီးဘုတ်များတွင် ကိန်းဂဏန်းအကွက် ပါဝင်သော်လည်း နမ်လော့ခလုတ် ပါဝင်မှု မရှိပေ။ ထိုအစား Clear ခလုတ်ကို ဤကီးဘုတ်များတွင် ထည့်သွင်းထားသည်။

Numeric keypad
Keys affected by Num Lock
Key on
Numeric Keypad
Num Lock On Num Lock Off
1 1 End
2 2 Down Arrow
3 3 Page Down
4 4 Left Arrow
5 5 Does Nothing
6 6 Right Arrow
7 7 Home
8 8 Up Arrow
9 9 Page Up
0 0 (zero or comma) Insert
. . (dot) or , (comma) Delete

တမ်းပလိတ်:Keyboard တမ်းပလိတ်:Keyboard keys


ကိုးကား[ပြင်ဆင်ရန်]