နန်းဦးရွှေဘုံသာစေတီတော်

ဝီကီပီးဒီးယား မှ

နန်းဦးရွှေဘုံသာစေတီတော် သည် ကင်းတပ်မြို့ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မဏိပူရသို့ ချီတက်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၁၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်နေ့တွင် အလောင်းမင်းတရားကြီးသည် မဏိပူရကို ချီတက်တိုက်ခိုက်ရန် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာ၏။ ထို့နောက် နတ်ကျွန်းတောင်မြေတွင် တပ်ကို ရပ်နားလေသည်။

ထို့နောက်တွင် မြစ်၏ အနောက်ဘက်ကမ်း မော်လူးရွာမှ ချောင်းရိုးအတိုင်း ချီတက်လာ၍ တာတစ်တောင်ခရီးရောက်တိုင်း လက်ဝဲလက်ယာရှိ သစ်ပင်များတွင် ဆင်တစ်ရပ်အမြင့် တွင်းဖောက်ကာ ရုပ်ပွားတော်တစ်ဆူကျစိ သွင်းထားကာ ပူဇော်ခဲ့သည်။ တမူးမြို့အထိ ရုပ်ပွားတော် ၂၉ ဆူ ရှိပြီး ကက်စိန်စခန်းအထိ ၄၉ ဆူရှိသည်။[၁]

စေတီတော်တည်ခြင်း[ပြင်ဆင်ရန်]

ပြာသိုလဆန်း ၁၄ ရက်နေ့တွင် မဏိပူရကို တိုက်ခိုက်ကာ အောင်မြင်ခဲ့၏။ ထို့နောက်တွင် တမူးမှတစ်ဆင့် ပြန်လာရာ မော်လူးနတ်ကျွန်း တောင်မြေစခန်းသို့ တပို့တွဲလဆန်း ၁ ရက်နေ့တွင် ရောက်၏။ ထိုနေရာကို "ကင်းတပ်တော်" ဟု အမည်တွင်စေခဲ့သည်။ ယာယီစံမြန်းရာ နန်းတော်ဦးကုန်းထိပ်တွင် ဓာတ်တော်များ ဌာပနာကို စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်ပြီးမြောက်သောအခါ ထီးတော်တင်၍ "ရွှေဘုံသာ" ဟု သမုတ်ခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • သက္ကရာဇ် ၁၂၅၁ ခုနှစ်တွင် စေတီတော်ကို ကင်းတပ်မြို့၊ ညောင်ဝိုင်းဆရာတော်က ပြုပြင်ခဲ့သည်။
  • သက္ကရာဇ် ၁၂၉၀ တွင် ဒုတိယ ညောင်ဝိုင်းဆရာတော်နှင့် ဒါယကာ ဒါယိကာမများက ပြုပြင်ခဲ့သည်။
  • သက္ကရာဇ် ၁၃၁၄ တွင် ကလေးဝ တောကျောင်းဆရာတော် ဦးသာဂရသည် ပြုပြင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၂၉၊ ၁၃၀။