နန်းဦးမင်္ဂလာမြင်းဝန်

ဝီကီပီးဒီးယား မှ

နန်းဦးမင်္ဂလာမြင်းဝန်[ပြင်ဆင်ရန်]

နန်းဦးမင်္ဂလာမြင်းဝန်မှာ ကုန်းဘောင်ခေတ်နှောင်းကာလတွင်မှ စတင်ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ သီပေါမင်းလက်ထက်တွင် မြန်မာမြင်းတပ်၌ အစု ၁၁ ခု ရှိရာ နန်းဦးမင်္ဂလာမြင်း အစုလည်း ပါဝင်သည်။ သီပေါမင်းနန်းတက် လာပြီးနောက် ၁၈၇၉ ခုနှစ်တွင် နန်းဦးမင်္ဂလာမြင်းတပ်စုကို စတင်ဖွဲ့စည်းခဲ့၏။ အစု အမှုထမ်း ၅၆၆ ဦး ပါရှိပြီး လစဉ် လစာငွေ ၇၁၃၀ ကျပ် ကုန်ကျကြောင်း သိရှိရ၏။ နန်းဦးမင်္ဂလာမြင်းအစုသားများသည် ဝမ်းဗိုက်နံဘေးတွင် မြင်းရုပ်ရေးထိုးထားကြသည်။

နန်းဦးမင်္ဂလာ မြင်းဝန် ဦးအိပ်[ပြင်ဆင်ရန်]

သီပေါမင်း လက်ထက်တစ်လျှောက်လုံးတွင် နန်းဦးမင်္ဂလာမြင်းဝန်အဖြစ် အမှုထမ်းခဲ့ရသူမှာ ခေါင်းတုံးမြို့စား မဟာမင်းကျော်သူရရဲခေါင်ဘွဲ့ခံ ဦးအိပ် ဖြစ်သည်။ ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှ ကိုယ်စားလှယ် အဖွဲ့ မန္တလေးသို့လာရောက်စဉ် စစ်ရေးပြအခမ်းအနားသို့ နန်းဦးမင်္ဂလာ မြင်းဝန်ဦးအိပ်နှင့် အစုသားများ ပါဝင်တက်ရောက်ခဲ့ရ၏။ ထို့နောက် ၂၈ မေ ၁၈၈၁ တွင် အစည်းအဝေး ဆုံးဖြတ်ချက်အရ နယ်မြေ ၁၂ ရပ် သတ်မှတ်ကာ ရာဇဝတ်မှု ကင်းစင်ရေးတာဝန်ပေးအပ်ရာ နန်းဦးမင်္ဂလာ မြင်းဝန် ဦးအိပ်သည် သေနတ်ဝန်ကြီး တူမြေကာင်းမှ တောင်ဘက်၌ မြေမီ ရိုး၊ အနောက်ဘက်၌ ရွှေတချောင်းထိ၊ အရှေ့ဘက်၌ ငပွားတံတားအထိ တာဝန်ယူခဲ့ရသည်။ နန်းဦးမင်္ဂလာ မြင်းဝန်ဦးအိပ်သည် အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားလုနီးကာလ ၁၁ နိုဝင်ဘာ ၁၈၈၅ တွင် နန်းဦးမင်္ဂလာ မြင်းမှုထမ်း ၅၅၀ နှင့်အတူ စစ်မြပြေင်သို့ ချီတက်ခဲ့ရ၏။ နန်းဦးမင်္ဂလာမြင်းဝန် ဦးအိပ်၏ လက်အောက်တွင် မြင်းစာရေး နှစ်ဦးခန့် အပ်ထားရာ၎င်းင်းတို့၏ အမည်မှာ မောင်ချုပ်နှင့် မောင်လန်းတို့ ဖြစ်ကြောင်း သိရှိရသည်။