နန်းကြာဖြူ(ဘားအံ)

ဝီကီပီးဒီးယား မှ

နန်းကြာဖြူ(ဘားအံ)သည် ရသစာပေရေးသားသူ တစ်ဦးဖြစ်သည်။ အမည်အရင်းမှာ မတင်မေအေးဖြစ်သည်။ ၁၉၈၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် မွေးဖွားခဲ့သည်။ ၂၀⁠၀၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀⁠၀၅ ခုနှစ်တွင် BA (Eng)ဖြင့် ဘွဲ့ရခဲ့သည်။ ၂၀⁠၀၆ ခုနှစ် အောက်တိုဘာတွင် တခါက တက္ကသိုလ်ည ဟူသော ဝတ္ထုတိုကို ဖူးငုံဆယ်ကျော်သက်တွင် စတင်ဖော်ပြခံရသည်။ ဖူးငုံဆယ်ကျော်သက်တွင် ဝတ္ထုတို ၂၁ ပုဒ်နှင့် ကဗျာ ၅ ပုဒ်၊ အပျိုစင် တွင် ကဗျာနှစ်ပုဒ် ဖော်ပြခံရပြီး ဖြစ်သည်။