နတ်သက်တမ်း
ပုံပန်းသွင်ပြင်
နတ်ပြည် ဗြဟ္မာပြည်ဟူသည် ကုသိုလ်ကောင်းမှုအကျိုးပေးရာ ဘုံဌာနတို့ဖြစ်သည်။ ထို့ကြောင့် နတ်ဗြဟ္မာတို့သည်လွန်စွာအသက်ရှည်လေသည်။ ပထဝီအနေအထားဖြင့်ကြည့်လျှင် အောက်ဆုံးနတ်ပြည်၏တစ်နေ့တစ်ညအချိန်ကာလသည် လူ့အချိန်အားဖြင့်နှစ်ငါးဆယ်တိတိကြာမြင့်သည်။ အထက်နတ်ဘုံအသီးသီးတို့တွင် နေ့တာညတာသည် နတ်အချိန်ကာလအားဖြင့် နှစ်ဆတက်ပိုမိုရှည်သွားသည်။ အထက်မြင့်လေ နေ့တာညတာပိုရှည်သွားလေသည်။ အာကာသယာဉ်များဖြင့်ကမ္ဘာကိုလည်ပတ်ခဲ့သော အကာသမောင်မယ်များအဆိုအရ ကမ္ဘာပတ်လမ်းကြောင်း အပြင်တွင် နေ့တာညတာသည် ကမ္ဘာနေ့တာညတာထက်ပိုမိုရှည်ကြာလေသည်ဟူသောအချက်ကိုသတိပြုသင့်သည်။
နတ်ဘုံ | နတ်တွက်ကိန်းအသက် (နှစ်) | လူတွက်ကိန်းအသက် (နှစ်) |
---|---|---|
စာတုမဟာရာဇ် | ၅၀၀ | ၉၀၀၀၀၀၀ |
တာဝတိံတာ | ၁၀၀၀ | ၃၆၀၀၀၀၀၀ |
ယာမာ | ၂၀၀၀ | ၁၄၄၀၀၀၀၀၀ |
တုသိတာ | ၄၀၀၀ | ၅၇၆၀၀၀၀၀၀ |
နိမ္မာနရတိ | ၈၀၀၀ | ၂၃၀၄၀၀၀၀၀၀ |
ပရနိမ္မိတဝသဝတ္တိ | ၁၆၀၀၀ | ၉၂၁၆၀၀၀၀၀၀ |
ကိုးကားချက်
[ပြင်ဆင်ရန်]- ဗုဒ္ဓဘာသာကောင်းတစ်ယောက် (၂၀၀၇)