မာတိကာသို့ ခုန်သွားရန်

နတ်ရေးတဲ့ဖူးစာ လူပြင်ရာမခံ

ဝီကီပီးဒီးယား မှ

နတ်ရေးတဲ့ဖူးစာ လူပြင်ရာမခံ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

နတ်ရေးတဲ့ဖူးစာ လူပြင်ရာမခံ ဆိုသည်မှာ လူနှစ်ဦးသည် ဖူးစာပါလာပါက မည်သူကပင် တားဆီးဖျက်ဆီးစေကာမူ ထိုဖူးစာကို မဖျက်ဆီးနိုင်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ကံကြမ္မာနှင့် ဖူးစာကို ယုံကြည်သော အယူအဆကို ဖော်ပြသည်။ လူတို့၏ ဆုံတွေ့မှု၊ ပေါင်းဖက်မှုများသည် ကံကြမ္မာ၏ စီမံမှုအောက်တွင် ရှိပြီး လူတို့၏ ကြိုးပမ်းမှုဖြင့် ပြောင်းလဲ၍ မရနိုင်ဟု ယုံကြည်ကြသည်။ "နတ်ရေးတဲ့ဖူးစာ" ဆိုသည်မှာ ကံကြမ္မာက ဖန်တီးပေးသော ဖူးစာဟု အဓိပ္ပာယ်ရသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • နတ်ရေးတဲ့ဖူးစာ လူပြင်ရာမခံ ဆိုတာလို ကျွန်မတို့ဖူးစာရေးတာက မောင်မောင်နှင့်အကျိုးပေးစေဖို့ ရှေးကပင် စီမံရင်းမို့…၊” []
  • “မည်သို့ပင် သေချာစွာ စပ်ဟပ်ထားငြားလည်း န်တရေးသည့်ဖူးစာ လူပြင်ရာမခံ ဆိုသော စကားပုံကလေးကဲ့သို့ နဖူးစာမပါလျှင်လည်း… ကွဲပြားတတ်သေး၏။” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၆]မြင့်၊တ။ ၂၃။
  3. [၁၃၁၄] စာဗိမာန်၊ ၁၊ ၇။ ၁၂၄။