နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ် ဆိုသည်မှာ နတ်တော်လသို့ ရောက်ရှိချိန်တွင် မိုးသည်းထန်စွာ မရွာသွန်းဘဲ ဆင်ခြေရာများပင် တိမ်မြုပ်သွားရုံမျှသာ ရွာသွန်းသော "ဆင်ရာတိမ်မိုး" ဟုခေါ်သည့် ရာသီမိုး ရွာလေ့ရှိသည်ဟု ဆိုလိုသည်။ နတ်တော်လသည် မြန်မာပြက္ခဒိန်၏ နဝမလဖြစ်ပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျရောက်သည်။ ထိုအချိန်သည် မိုးကုန်၍ ဆောင်းအကူးအပြောင်းကာလ ဖြစ်သောကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း မရှိတော့ဘဲ အနည်းငယ်သာ ရွာလေ့ရှိသည်။ ဆင်ခြေရာပင် တိမ်မြုပ်သည်ဆိုခြင်းမှာ မိုးအနည်းငယ်သာ ရွာသော်လည်း မြေပြင်ကို စိုစွတ်စေပြီး ဖုန်မှုန့်များ ကင်းစင်စေကြောင်းကို တင်စား၍ ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နတ်တော်လတွင် မိုးရွာသွန်းမှုသည် ပုံမှန်အားဖြင့် အလွန်အကျွံ မများကြောင်းကို ဖော်ပြခြင်းဖြစ်သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- “နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံဖွဲသို့၊ သွန်းမြဲကန်မှာ၊ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့်၊ …၊ တောင်လိမ်မြောက်ကွေ့၊ မိုးသားရွေ့လျက်၊” [၂]
- “ရာသီဓနု၊ တွက်စုငါးသောင်း၊ သိန်းပေါင်းနှစ်လီ၊ ရာသီရွှင်ရွှင်၊ ဆင်ရာတိမ်မိုး၊ ရွာရိုးမက၊ သွန်းချလေ၊” [၃]
- “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်ဓားလှီး။နတ်တော်လအခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင့် အဖျားအနာ များ၍ နတ်များကိုသော်မှ ဆီကြော်မုန့်များအစား ဓားလှီးမုန့်နှင့် တင်ရသည်ဆိုလိုသည်။” [၄]