နက္ခတ္တရောင်ခြည်

ဝီကီပီးဒီးယား မှ

နက္ခတ္တရောင်ခြည်သည် လောကီပညာရသစုံ မဂ္ဂဇင်း ဖြစ်ကာ၊ နာယကများ ဖြစ်ကြသော ဦးတင်အောင်၊ ဒေါက်တာအောင်နိုင်၊ ကေလာသဆရာအောင်တို့နှင့် စာတည်းချုပ် ဦးကျော်မိုးသိန်းတို့ ဦးစီး၍ နက္ခတ္တရောင်ခြည်စာပေတိုက်မှ ထုတ်ဝေပြီး၊ ထုတ်ဝေသက်တမ်း ကြာညောင်းလှပြီ ဖြစ်သော ဝါရင့် မဂ္ဂဇင်း တစောင်ပင် ဖြစ်သည်။ ယနေ့ထိ ဆက်လက်ထုတ်ဝေနေဆဲ ဖြစ်သည့်အပြင် စာပေလောကတွင် အရှိန်အဝါ ကြီးသော နက္ခတ္တရောင်ခြည်တွင် တွေ့ဆုံခြင်းရောင်ခြည်၊ ပညာပေးရောင်ခြည်၊ လက္ခဏာရောင်ခြည်၊ ထူးခြားဆန်းကြယ်ရောင်ခြည်၊ ဆေးမြီးတို/ဆေးဗေဒရောင်ခြည်၊ ကျင့်စဉ်/အစီအရင်ရောင်ခြည်၊ စိတ်စွမ်းအင်/ဂါထာမန္တန်/ဗဟုသုတရောင်ခြည် စသဖြင့် စိတ်ဝင်စားဖွယ်ရာ ကဏ္ဍများဖြင့် စာမျက်နှာ ၂၅၀ ဝန်းကျင်ဖြင့် ရိုက်နှိပ်ပြီး၊ တနှစ်လျှင် တကြိမ် ပိုမိုထူထဲသော အထူးထုတ် ထုတ်ဝေလေ့ ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နက္ခတ္တရောင်ခြည်၊ မာတိကာ