နကုလပိတာ

ဝီကီပီးဒီးယား မှ

နကုလပိတာ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဘုရားရှင်နှင့် အကျွမ်းတဝင်သော စကားကို ပြောဆိုသည့် အရာတွင် ဧတဒဂ် ရခဲ့သည်။ သူ၏ ဇနီးဖြစ်သူ နကုလမာတာ လည်း ထိုဧတဒဂ်ကို ရရှိခဲ့သည်။[၁]

အမည်တွင်ပုံ[ပြင်ဆင်ရန်]

နကုလပိတာ သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြိုတွင် သူဌေးဖြစ်သည်။ နကုလဟု အမည်ရသော သားတစ်ယောက် ရှိ၏။ သားကလေး၏ အမည်ကို အစွဲပြုကာ နကုလပိတာ ဟု ခေါ်သည်။[၁]

ဘုရားရှင်နှင့် ဆွေမျိုးတော်စပ်ခြင်း[ပြင်ဆင်ရန်]

နကုလပိတာသည် မြတ်စွာဘုရားရှင်နှင့် ရှေးဘဝများက အမျိုးတော်ခဲ့၏။

ဘဝရေစက်[ပြင်ဆင်ရန်]

မြတ်စွာဘုရားရှင်သည် ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့အနီးရှိ ဘေသကဠာတောအုပ်သို့ ကြွတော်မူလာသည်။ နကုလမာတာတို့ဇနီးမောင်နှံကို ချီးမြှင့်ရန် ကြွတော်မူလာခြင်း ဖြစ်သည်။ ဇနီးမောင်နှံ နှစ်ယောက်တို့သည် အသက်အရွယ် အိုမင်းသော်လည်း သားတော်ဘုရားရှိရာသို့ ကြိုးစားကာ ဖူးမြော်ရန် လာခဲ့ကြခြင်း ဖြစ်သည်။ နကုလမာတာတို့ ဇနီးမောင်နှံသည်ကား ဘဝမခြားဘဲ ဘဝပေါင်းငါးရာတိုင်တိုင် ဘုရားရှင်၏ အဖေ အမေ၊ ဦးလေး ဒေါ်လေး၊ ဘကြီး မေကြီး၊ဦးကြီး အရီး တော်ခဲ့ကြသည်။[၂][၁]

ဧတဒဂ်ရခြင်း[ပြင်ဆင်ရန်]

နကုလတို့ ဇနီးမောင်နှံသည် မြတ်စွာဘုရားရှင်နှင့် စကားပြောရာတွင် ရင်ထဲမှာ ရှိသည့်အတိုင်း မထိမ်ချန်ဘဲ ရိုးသားပွင့်လင်းစွာ ပြောလေ့ရှိ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားရှင်နှင့် အကျွမ်းတဝင်သော စကားကို ပြောဆိုသည့် အရာတွင် ဧတဒဂ် ကို ပေးတော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၉၄။
  2. မလေးငြိမ်။ အဆင့်မြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ