ဓမ္မရာဇိကစေတီတော်

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် ပါကစ္စတန်နိုင်ငံရှိ စေတီ အကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံ၊ ပုဂံရှိ စေတီ အတွက် ဓမ္မရာဇိကဘုရား ကို ကြည့်ပါ။
ဓမ္မရာဇိကစေတီတော်
دھرم راجک اسٹوپا
The Dharmarajika Stupa, Taxila
Dharmarajika Stupa သည် ပါကစ္စတန်နိုင်ငံ တွင် တည်ရှိသည်
Dharmarajika Stupa
Dharmarajika Stupa
ပါကစ္စတန်နိုင်ငံအတွင်း တည်နေရာပြမြေပုံ
Dharmarajika Stupa သည် Gandhara တွင် တည်ရှိသည်
Dharmarajika Stupa
Dharmarajika Stupa
Dharmarajika Stupa (Gandhara)
တည်နေရာTaxila Cantonment, Punjab
ကိုဩဒိနိတ်33°44′N 72°47′E / 33.73°N 72.78°E / 33.73; 72.78ကိုဩဒိနိတ်: 33°44′N 72°47′E / 33.73°N 72.78°E / 33.73; 72.78
အမျိုးအစားMonastery
သမိုင်းကြောင်း
စတင်တည်ဆောက်ခြင်း2nd century CE
စွန့်ခွာခြင်း5th century CE
ယဉ်ကျေးမှုများKushan, Kidarite
ဆိုဒ်မှတ်ချက်များ
ရှေးဟောင်းသုတသန ပညာရှင်Sir John Marshall
တရားဝင်အမည်Taxila
ရွေးချယ်သည့်စံနှုန်းiii, iv
ရွေးချယ်ခြင်း1980
ရည်ညွှန်းနံပါတ်139

ဓမ္မရာဇိကစေတီတော် (အူရဒူ: دھرم راجک اسٹوپا‎)(Taxila ရှိ စေတီတော်ကြီး ဟု ခေါ်ဆိုကြ) သည် ပါကစ္စတန်နိုင်ငံ၊ တက်ဆီလာ (Taxila) မြို့အနီးတွင် တည်ရှိသည့် ဗုဒ္ဓစေတီတော်တစ်ဆူ ဖြစ်သည်။ ၂ ရာစု CE က စေတီတော်ဖြစ်ပြီး ဗုဒ္ဓ၏အရိုးတော်ငယ်များကို ဌာပနာကာ တည်ထားခဲ့သည်။[၁] စေတီတော်နှင့်အတူ ကြီးမားသည့် သာသနာ့အဆောက်အဦးကို နောက်ပိုင်း၌ ပတ်လည်တွင် တည်ဆေက်ခဲ့ကြသည်။ [၂][၃]တက်ဆီလာမြို့အပျက်အစီးများ၏ အကြွင်းအကျန်အစိတ်အပိုင်းအဖြစ် ကျန်ရှိနေသည်။ ၎င်းနေရာကို ၁၉၈၀ ခုနှစ်တွင် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။[၄]

သမိုင်း[ပြင်ဆင်ရန်]

ဓမ္မရာဇိကစေတီတော်သည် Mauryan အင်ပါယာ၏ မင်းဖြစ်သူ တည်ခဲ့ပြီး ကျန်ရှိနေသေးသည့် အခြားသော ရှေးကျသည့်စေတီတော်များထက်ပင် ရှေးကျသေးသည်ဟု အခိုင်အမာ ဆိုကြသည်။ သို့သော် အခြားသော ရှေးဟောင်းသုတေသနပညာရှင်တို့သည် ထိုကဲ့သို့ မယူဆကြပေ။ BCE ၂ ရာစုခေတ်က အင်ဒို-ဂရိဒင်္ဂါးများကို ထိုနေရာတွင် တွေ့ရှိရသည်။ ထို့အတွက်ကြောင့် ထိုဒေသ၌ အစောဆုံးသော ဘာသာရေးဆိုင်ရာအဆောက်အဦးဖြစ်သူဟု ယူဆကြသည်။[၁][၅][၅]

ဓမ္မရာဇိကစေတီတော်ပရဝုဏ်တွင် အဓိကစေတီတော်ထက်ပင် ရှေးကျသည့် စေတီငယ်များကို တွေ့ရပြီး အဓိကစေတီတော်ကို ပုံမှန်မဟုတ်သည့် ပုံသဏ္ဌာန်ဖြင့် ထိုစေတီငယ်များသည် ဝန်းရံထားသည်ကို တွေ့ရသည်။ ထို့အတွက်ကြောင့် အစောပိုင်းကာလအဓိကစေတီတော်တွင် ဘုရားကိုပတ်၍ဖူးမြော်ရန် စင်္ကြန်လမ်းပါဝင်သည်ကို သိနိုင်သည်။ ထိုပတ်လမ်းကို အင်္ဂတေသရွတ်ဖြင့် ပြုလုပ်ထားပြီး ခရုခွံများဖြင့် အလှဆင်ထားပြီး ဂျီဩမေတြီပုံသဏ္ဌာန် ပြုလုပ်ထားသည်။ ထို့ကြောင့် အစောပိုင်းကာလစေတီတွင် ဝင်ရိုးအတိုင်း ဂိတ်အပေါက်လေးခု ပါဝင်သည်။[၅]

ယခုလက်ရှိအချိန်တည်ရှိနေသည့် စေတီတော်ကိုမူ CE ၂ ရာစု ကုရှန်း (Kushan) ခေတ်က ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာကာထားရှိရန် အမိန့်အရ တည်ထားခဲ့ခြင်း ဖြစ်သည်။ ထိုဓာတ်တော်များသည် မူလက CE ၇၈ ပတ်လည်တွင် အစောပိုင်းသာသနာ့အဆောက်အဦးများတွင် ဌာပနာထားသည်များဖြစ်ကြပြီး ထိုအစောပိုင်း စေတီပုထိုးများမှ ဓာတ်တော်များ ဖြစ်ကြသည်။ ဗုဒ္ဓစာပေများ၌ frankincense သည် ဓမ္မရာဇိကစေတီတော်တွင် ဘာသာရေးဆိုင်ရာ လုပ်ငန်းများကို ပြုလုပ်ကြသည်ဟု ဆိုကြသည်။ စေတီတော်တွင် အရောင်မျိုးစုံသည့် ဖန်ကြွေပြားများကို ခင်းထားသည်။[၁][၂][၆]

စေတီတော်သည် ပါရှား Sassanid အုပ်ချုပ်မှုအောက်သို့ ရောက်ခဲ့သည့်အခါတွင် တိုးတက်မှုများတုံ့နှေးသည့်ကာလ တစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ အကြီးစားဖွံ့ဖြိုးတိုးတက်မှုများည်သKushan နောက်ပိုင်းနှင့် Kidarite စသည့်ခေတ်များတွင် ဖြစ်ပွားခဲ့သည်။ ထိုခေတ်ကာလတွင် များစွာသော စေတီများနှင့် ကျောင်းတော်များကို တည်ထားခဲ့သည်။[၅]

ဖျက်ဆီးခံရခြင်း[ပြင်ဆင်ရန်]

Plan of the Dharmarajika Stupa.

CE ၅ ရာစုတွင် White Huns တို့သည် စေတီတော်ကို ကြွေမွသွားအောင် ဖျက်စီးခဲ့ကြ၍ စွန့်ခွာခဲ့ကြသည်။ နောက်ပိုင်းတွင် အုပ်ချုပ်သူဖြစ်သည့် Hun ဘုရင် မိဟိရကုလ (Mihirakula) သည် ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို နှိပ်ကွပ်မှုများ လုပ်ဆောင်ခဲ့သည်။ ဂန်ဒါရ (Gandhara)တစ်ခုလုံးရှိ ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာကျောင်းတော်များသည် သူ၏ စိုးမိုးမှုအောက်တွင် ဖျက်စီးခံခဲ့ရသည်။ White Huns တို့သည် တက်ဆီလာရှိ နေရာများကို ဖျက်ဆီးရုံတင်မကဘဲ Peshawar အနီးရှိ နေရာများကိုလည်း ဖျက်ဆီးခဲ့သည်။[၃][၅]

တူးဖော်ခြင်း[ပြင်ဆင်ရန်]

စေတီတော်အား တူဖော်မှုများကို Sir John Marshall က ၁၉၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ မာရှယ်၏ ရှာဖွေတွေ့ရှိမှုများအရ စေတီတော်သည် အချိန်များစွာကပင် ခိုးယူထွင်းဖော်မှုများ ခံခဲ့ရပြီး ဆိုးရွားစွာပင် ပျက်စီးခဲ့သည်။ မာရှယ်က စေတီတော်တွင် ကြီးမားစွာအားစိုက်၍ လုပ်ထားသည့် မြောင်းကြီးတစ်ခုကို တွေ့ရပြီး ၎င်းသည် စေတီတော်ရှိ အဖိုးထိုက်တန်သည့် ဓာတ်တော်များကို ခိုးယူရန် ရှေးအခါ စီစဉ်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် ထိုနေရာ၏ အတော်များများကို တူးဖော်ခဲ့ကြပြီး ထိုနေရာ၏ အတိုင်းအတာများကို လေ့လာသိရှိနိုင်ပေသည်။ လူသားများ၏ အရိုးစုများကိုလည်း စေတီတော်၏ တောင်ဘက်ရှိ ပွင့်နေသည့်နေရာတွင် တွေ့ရှိခဲ့ကြသည်။ White Huns ကျူးကျော်ဝင်ရောက်လာသည့်အခါက အသတ်ခံခဲ့ရသည့် ရဟန်းတော်များ၏ ရုပ်အလောင်းများမှ အရိုးများ ဖြစ်နိုင်သည်။[၇][၃][၂]

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

စေတီတော်နှင့် ၎င်းရှိ ကျောင်းတော်များသည် Sirkap ၏ အပြင်ဘက် ၁ ကီလိုမီတာအကွာခန့်တွင် တည်ရှိသည်။ ဤသည်မှာလည်း ရဟန်းတော်များသီတင်းသုံးရာ ကျောင်းတော်အား မြို့ရွာများနှင့် မနီးလွန်း မဝေးလွန်းသော နေရာတွင် ရှိနေရန် အကြံပြုထားသည့်အတွက်ကြောင့် ဖြစ်နိုင်သည်။ အဓိကစေတီတော်ကတ်ဝန်းကျင်ရှိ အဆောက်အဦးများတွင် မတူညီသည့် သုံးမျိုးဖြစ်နေသည့် ပန်းရန်လက်ရာများ ပါဝင်လျက်ရှိသည့်အတွက်ကြောင့် အဆောက်အဦးကို တည်ဆောက်ရာတွင် မတူညီသည့် အချိန်ကာလများက တည်ဆောက်မှုများ ပါဝင်ခဲ့သည်ကို သိရှိနိုင်သည်။[၇]

အဓိကစေတီတော်[ပြင်ဆင်ရန်]

The passageway between the main stupa and several smaller stupas was used for the practice of pradakshina.

ဓမ္မရာဇိကစေတီတော်သည် တက်ဆီလာဒေသတွင်ရှိသည့် စေတီတော်များထဲတွင် အကြီးဆုံးစေတီ ဖြစ်သည်။ စေတီတော်၏ အဓိကအမိုးခုံးကို ပတ်၍ ဖူးမျော်ရာစင်္ကြံလမ်း တည်ရှိသည်။ စင်္ကြံပတ်လမ်းသည် ရှေးယခင်က အထွတ်အမြတ်ထားရာနေရာများကို လမ်းလျှောက်၍ ကြည်ညိုဖူးမြော်နိုင် ပြုလုပ်ထားကြသည့် လူသွားလမ်း ဖြစ်သည်။[၃]

ဓမ္မရာဇိကစေတီတော်သည် တက်ဆီလာဒေသတွင်ရှိသည့် စေတီတော်များထဲတွင် အကြီးဆုံးစေတီ ဖြစ်သည်။ စေတီတော်၏ အဓိကအမိုးခုံးကို ပတ်၍ ဖူးမျော်ရာစင်္ကြံလမ်း တည်ရှိသည်။ စင်္ကြံပတ်လမ်းသည် ရှေးယခင်က အထွတ်အမြတ်ထားရာနေရာများကို လမ်းလျှောက်၍ ကြည်ညိုဖူးမြော်နိုင် ပြုလုပ်ထားကြသည့် လူသွားလမ်း ဖြစ်သည်။[၇]

အရံစေတီများ[ပြင်ဆင်ရန်]

ဘုန်းတော်ကြီးကျောင်းများ[ပြင်ဆင်ရန်]

ဓာတ်တော်များ[ပြင်ဆင်ရန်]

ဗုဒ္ဓ၏ အရိုးဓာတ်တော်အပိုင်းအစများ[ပြင်ဆင်ရန်]

Statuette from the Dharmarajika site, now displayed at the Guimet Museum in Paris.

စေတီတော်သည် ဗုဒ္ဓ၏ အရိုးဓာတ်တော်များကြောင့် ထင်ရှားသည်။[၈] စေတီတော်ရှိ အဖိုးထိုက်တန်သည့် ဓာတ်တော်များသည် အချိန်နှင့်အမျှ ခိုးယူခြင်း ခံခဲ့ရသည်ကို Sir John Marshall က လေ့လာတွေ့ရှိခဲ့သည်။[၂] ငွေဖြင့် ထွင်းထားသည့်စာလုံးများပါဝင်သည့် ငွေကြုတ်တစ်ခုကို စေတီတော်၏ ဓမ္မာရုံမှ ရှာဖွေတွေ့ရှိခဲ့သည်။ [၃]ရေးထွင်းထားသည့် စာများတွင် ရှေးဟောင်း Kharosthi စာသားများဖြင့် ရေးသားထားသည်။ ရေးသားထားသည့် စာများတွင် Urusaka of Noacha က ဗုဒ္ဓ၏ အရိုးဓာတ်တော်များကို ၇၈ CE တွင် စေတီတော်ရှိ သူ၏ ဓမ္မာရုံတွင် ထားရှိခဲ့သည်ဟု ဖော်ပြထားသည်။[၃]

၂၀၁၆ ခုနှစ်တွင် ဓမ္မရာဇိကစေတီတော်မှ အရိုးဓာတ်တော်နှစ်ခုကို သီရိလင်္ကာသို့ တစ်လကြာ ပင့်ဆောင်ခဲ့သည်။ ဓာတ်တော်များကို အရေးပါသည့် ဗိမာန်များဖြစ်ကြသည့် Polonnaruwa, Colombo, Kandy, and Anuradhapura တို့တွင် ထားရှိခဲ့ကြသည်။ လာရောက်လည်ပတ်ဖူးမြှော်သူ ၉.၃ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။[၉]

ဓာတ်တော်ထည့်သည့်ကြုတ်အိုး[ပြင်ဆင်ရန်]

စေတီတော်ကို ဝန်းရံကာတည်ရှိသည့် အရံစေတီငယ်များမှ ဓာတ်တော်ကြုတ်အိုး ၁၈ ခုကို တွေ့ရှိခဲ့ကြသည်။ ဓာတ်တော်အများအပြားကို ရရှိခဲ့ကြပြီး ထိုထဲမှ တစ်ခုသည် ဆလင်ပါပုံရွှေအပိုင်းတစ်ခုကို ဖုံးအုပ်ထားသည်။ အခြားသော ဓာတ်တော်ကြုတ်များတွင် ရွှေတန်ဆာများနှင့် အဖိုးထိုက်သည့် ရတနာများ ပါဝင်သည်။ အခြားသော ဓာတ်တော်ကြုတ်များတွင် အခြားဝေးလံသည့် နေရာများမှ အရာများဖြစ်သည့် အာဖဂန်နစ္စတန်မှ lapis lazuli, ပုလဲများ နှင့် ခရုခွံများကို တွေ့ရှိခဲ့ကြသည်။ ၎င်းသည်ပင် ထိုအချိန်က တက်ဆီလာမှနေ၍ ကြီးမားသည့် ကုန်သွယ်ရောင်းဝယ်မှုများ လုပ်ဆောင်ခဲ့ကြသည်ကို ရည်ညွှန်းလျက်ရှိသည်။ Indo-Greek ဘုရင် Zoilos II ၏ အမျိုးမျိုးသော ဒင်္ဂါးများကို ၁ ရာစု BCE ခေတ် စေတီတော်၏ အောက်ခံ၏ အောက်တွင် တွေ့ရှိခဲ့ကြသည်။[၃][၁၀]

ဝေါဟာရသမိုင်း[ပြင်ဆင်ရန်]

ဓမ္မရာဇိက ဟူသည့် အမည်သည် “ဓမ္မရာဇ” မှ ဆင်းသက်လာသည်။ ဓမ္မရာဇဆိုသည်မှာ ဗုဒ္ဓအား ရည်ညွှန်းသည့် စကားဖြစ်ပြီး တရားသခင် ဟု အဓိပ္ပာယ်ရှိသည်။ ဓမ္မရာဇိက အမည်သည် “ဓမ္မရာဇ” မှ ဆင်းသက်လာသည်ဟု ယုံကြည်ရသည်။ ထိုအမည်ကို Mauryan အင်ပါယာ၏ အသောကမင်းက အသုံးပြုခဲ့သည်။ စေတီတော်သည် ယခုအခါတွင် Chir Tope သို့မဟုတ် "Scarred hill" ဟု သိကြသည်။

သွားရောက်မှု[ပြင်ဆင်ရန်]

ဓမ္မရာဇိကစေတီတော်သည် PMO တက်ဆီလာပြတိုက်မှ အရှေ့ဘက် ၃ ကီလိုမီတာအကွာတွင် တည်ရှိသည်။ တက်ဆီလာ တပ်မြေ၏ အရှေ့မြောက်ဘက် PMO Colony လမ်းပေါ်တွင် တည်ရှိသည်။ ရှေးဟောင်းမြို့တော်တစ်ခုပင် ဖြစ်သည့် Sirkap မြို့နှင့် နီးကပ်စွာ တည်ရှိသည်။ Sirkap သည်လည်း တက်ဆီလာမြို့အကြွင်းအကျန်ပင် ဖြစ်သည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Dharmarajika: The Great Stupa of Taxila။ UNESCO (1 September 2016)။ 20 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Scarre၊ Geoffrey; Coningham၊ Robin (2013)။ Appropriating the Past: Philosophical Perspectives on the Practice of Archaeology။ Cambridge University Press။ ISBN 978052119606222 June 2017 တွင် ပြန်စစ်ပြီး
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ISBN_9781438109961
  4. Taxila။ UNESCO။ 23 June 2017 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ Behrendt၊ Kurt A. (2004)။ Handbuch der Orientalistik။ BRILL။ ISBN 9789004135956
  6. The Silk Road in World History။ Oxford University Press။ 2010။ ISBN 978019533810223 June 2017 တွင် ပြန်စစ်ပြီး
  7. ၇.၀ ၇.၁ ၇.၂ Le၊ Huu Phuoc (2010)။ Buddhist Architecture။ Grafikol။
  8. M. S. Moray (1985)။ History of Buddhism in Gujarāt။ Saraswati Pustak Bhandar။ p. 46။
  9. "Sacred Buddha relics returns to Pakistan after month long exposition in Sri Lanka"၊ 27 June 2016။ 23 June 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 26 January 2020။ 
  10. Marshall, "Excavations at Taxila", "The only minor antiquities of interest found in this building were twenty-five debased silver coins of the Greek king Zoilus II, which were brought to light beneath the foundations of the earliest chapel", p248