ဓမ္မနီတိချိုး

ဝီကီပီးဒီးယား မှ

ဓမ္မနီတိချိုး ကို စဉ့်ပါဆရာတော်(မြန်မာ ၁၁၀၆ - ….) မူကွဲ (၁၁၄၀ - ၁၂၁၀) က ရေးသားပြုစုခဲ့သည်။

ဓမ္မနီတိချိုး[ပြင်ဆင်ရန်]

  1. ကျင့်မူရာခပ်ပျင်းနှင့်၊ သွတ်ဖျင်းလူယုတ်တေ။ ။ တတ်ပညာပဇာတတ်ပါအံ့၊ များမှတ်ကြလေ။ ။ အတတ်ကိုမရှာဖွေလျှင်၊ ဥစ္စာတွေရရေး။ ။ ဘယ်နှယ်ကြံဖန်မြောက်ပမယ်၊ မိုးလောက်ကွာသေး။
  2. ပညာကိုဘယ်လူဆိုးတို့၊ ယူခိုးလို့ပါပမယ်။ ။ အတတ်ကယ်အလိမ္မာနှင့်၊ ဥစ္စာဘယ်တူကြလိမ့်၊ လောကလူဝယ်။ ။ သိကြားမြင်လုံလောက်က၊ မျက်မှောက်ကယ်သည်ကိုယ်ဝယ်၊ ရလွယ်၏ ခင်ပွန်း။ ။ တမလွန်နောင်ခါကောင့်၊ မြိုက်ချမ်းသာပိုမိုမြင့်၊ ကဲဆင့်တောက်ထွန်း။
  3. သိပညာဖြစ်ပွားအောင်၊ ချစ်သားတို့သင်ကြပါ။ ။ မိဘဆရာတို့၊ ဖန်ခါခါ တပည့်သားကို၊ ထောင်နားဆန် မငြင်းအောင်၊ သွင်းကြပေရာ။ ။ လှေလှော်လှေခတ်နှင့်၊ အတတ်ကယ်မဲ့သူမှာ၊ ဝန်ထမ်းသာဖြစ်မြဲ။ ။ ပညာရှင်ဖြစ်ပေက၊ လူ့ပြေ(မြေ)မှာ ပူဇော်လို့၊ ဇမ္ဗူပေါ် ဂုဏ်ထင်ပလိမ့်မယ်၊ မိုးလထက်ကဲ။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၂၈။