ဓမ္မတလကစေတီတော်

ဝီကီပီးဒီးယား မှ
ဓမ္မတလကစေတီတော်

ဓမ္မတလကစေတီတော် သည် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် တည်ရှိသည့် မြန်မာရိုးရာပုံစံဖြင့် တည်ဆောက်ခဲ့သည့် ဘုရားတစ်ဆူ ဖြစ်သည်။ စေတီတည်ရှိရာနေရာသည် ယခုအခါဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာပညာရေးနှင့် ပတ်သတ်သည်များကို သင်ကြားပို့ချရာခန်းမအဖြစ် အသုံးပြုလျက်ရှိသည်။

ဘုရားဖူးနေရာ[ပြင်ဆင်ရန်]

ဓမ္မတလကဘုရားကို ထင်ရှားသည့်တရားပြဆရာ အဂ္ဂမဟာပဏ္ဍိတရေဝတဓမ္မသည် ရှေးကာလမြန်မာ့တော်ဝင်မိသားစုထံမှ ရခဲ့သည့် ဗုဒ္ဓ၏ဓာတ်တော်များကို ဌာပနာကာ တည်ခဲ့သည်။ သီပေါမင်းသည် ဓာတ်တော်များကို လှူဒါန်းခဲ့ပြီး ရဟန်းများကိုလည်း စေလွှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဒေါက်တာရေဝတဓမ္မအား ဓာတ်တော်များကို လှူဒါန်းခဲ့သည်။[၁] ဘုရား၏ ဘွဲ့တော်အဓိပ္ပာယ်မှာ ‘Reservoir of the Teaching’ ဓမ္မများသိုလှောင်ရာနေရာဟု အဓိပ္ပာယ်ရသည်။ ဘုရားသည် Edgbaston ရေလှောင်တမံ၏နောက်ဘဘက်တွင် တည်ရှိသောကြောင့် ထိုနာမည်ကို ပေးခဲ့ခြင်း ဖြစ်သည်။ နေရာကို ၁၉၉၀ ခုနှစ်တွင် လှူဒါန်းခဲ့ပြီး စေတီတော်ကိုမူ ၁၉၉၈ ခုနှစ်ကျမှသာ နိုင်ငံတကာအခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။[၂] ထိုနေရာတွင်ပင် ၂၀၀၂ ခုနှစ်၌ သံဃာ့ရာမကျောင်းတော်နှင့် ၂၀၀၇ ခုနှစ်တွင် ရေဝတဓမ္မသင်ကြားရေးခန်းမတို့ကို တည်ဆောက်ခဲ့သည်။ တစ်ဖက်တွင်လည်း တရားအားထုတ်နိုင်ရန်အတွက် ဥယျာဉ်တစ်ခုတည်ရှိပြီး ထိုနေရာမှ ဆည်၏ ဆင်ခြေလျှောမြင်ကွင်းကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။

စေတီတော်၏ အောက်ခြေနှင့် နံရံများသည် အဋ္ဌဂံ (အနားရှစ်ဖက်) ပုံစံ ဖြစ်သည်။ အတွင်းပိုင်းတွင် ရွှေရောင်သုတ်ထားသည့် ဘုရားဝတ်ပြုရာနေရာတည်ရှိကာ ဂေါတမဗုဒ္ဓ၏ တရားထိုင်နေဟန် ကြီးမားသည့် ကျောက်ဆင်းတုတစ်ခု တည်ရှိသည်။ ဆင်းတုကို မန္တလေးရှိ မြန်မာ့ပုံစံအတိုင်း ထွင်းထုထားသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများ၏ ပုံတော်များကို မြန်မာ့ပညာရှင်တစ်ယောက်က ဖန်တီးထားပြီး အတွင်းပိုင်းတွင် ပြသထားသည်။ အဝင်ပေါက်သည် မြင်းမိုရ်ပေါက်ပါရှိသည့် အမိုးခုံးလမ်း ဖြစ်သည်။ ကျွန်းတံခါးများသည် အဆောက်အဦး၏ သုံးဖက်တွင် တည်ရှိကြသည်။ ထိုဝင်ပေါက်များတွင်လည်း ခြင်္သေ့ရုပ်တု နှစ်ကောင်စီ တည်ရှိကြသည်။[၃][၄]

စေတီတော်အဆောက်အဦကို ဘာမင်ဂမ်ဗုဒ္ဓဝိဟာရအဖွဲ့ (Birmingham Buddhist Vihara Trust) က စီမံထိန်းသိမ်းလျက်ရှိသည်။[၅] ဤအဖွဲ့ကို ဒေါက်တာရေဝတဓမ္မက ၁၉၈၂ ခုနှစ်တွင် အနီးအနားတွင် တည်ရှိသော လမ်းတစ်ခုရှိ အိမ်ကို က ဘုန်းတော်ကြီးကျောင်းနှင့် တရားစင်တာအဖြစ်သို့ ပြောင်းလဲကာ စတင်တည်ထောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Lovelock, Yann: “The origin and symbolism of a Buddhist pagoda”, in Meeting Buddhists, Leicester (UK), 2004, pp.150-4
  2. Chez Paul Archive
  3. This Is Myanmar။ 2014-01-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-05-23 တွင် ပြန်စစ်ပြီး။
  4. Lotus Newsletter 13, Summer 2004။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2020 တွင် ပြန်စစ်ပြီး။
  5. Open Charities site