မာတိကာသို့ ခုန်သွားရန်

ဓနသိဒ္ဓနက္ခတ်

ဝီကီပီးဒီးယား မှ

ဓနသိဒ္ဓိနက္ခတ် မှာ အင်ကြင်းသီးသဏ္ဌာန် လေးလုံးရှိသည်။ တနည်း ရွှေထီးအရှည်နှင့် တူ၏။ ထိုနက္ခတ်ကို ဝသုနတ်မင်း အစိုးရကြောင်းဆိုသည်။ ဤနက္ခတ်သည် မြင်းတာရာနှင့် ယှဉ်၍ သွား၏။[]

၂၃။ ဓနိဋ္ဌ = ဓနသိဒ္ဓနက္ခတ်

[ပြင်ဆင်ရန်]

ရာဇမတ္တဏ်ကျမ်း၌ “ဓနိဋ္ဌ၊ ဓနသိဒ္ဓနက္ခတ်”ဟု ပြဆို၍အဘိဓာန်ဋီကာတွင် “ဧတ္ထ၊ ဤနက္ခတ်၌။ ဓနံ၊ ဥစ္စာကို။ ဧသန္တိ၊ ရှာကြကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဓနိဋ္ဌာ၊ ဓနိသိဒ္ဓ နက္ခတ် မည်၏”ဟူ၍လည်းကောင်း။ (တစ်နည်း) “ဓနဝတီ၊ ဥစ္စာရှိသော သူတို့သည်။ ဝိဘူဘိနိဓာနံ၊ ဥစ္စာသိုမှီး မြှုပ်နှံထားခြင်းကို။ ကရောန္တိ၊ ပြုကြကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဓနိဋ္ဌာ၊ ဓနသိဒ္ဓ နက္ခတ်မည်၏” အနက်ဝိဂြိုဟ် ဖွင့်ဆိုပါသည်။

ထိုနက္ခတ်၏ လုံးရေ သင်္ချ၁ အဆင်းသဏ္ဌာန်ကို ကျမ်းဂန် အချို့က အောက်ပါအတိုင်း မိန့်ဆိုပါသည်။

  • -ပေါတ္တရသာဒိကျမ်း (၄) လုံး၊ လက်ဖွဲ့သဏ္ဌာန် ငှက်ဦးခေါင်း သဏ္ဍာန်
  • -ဂြဟသျှန္တီကျမ်း (၂) လုံး၊ မုရိုးစည်သဏ္ဌာန်
  • -လဃုသင်္ဂြဟကျမ်း (၄) လုံး၊ မုရိုးစည် သဏ္ဌာန်
  • -အာကာသသျှတ္တရကျမ်း (၄) လုံး၊ ထီးသဏ္ဌာန်
  • -ကပ္ပဝဏ္ဏနာကျမ်း
  • -နက္ခတ်လင်္ကာ (၄) လုံး၊ အင်ကြင်းသီးသဏ္ဌာန်
  • -သိင်္ဃာဗောဓကျမ်း (၄) လုံး၊ အဆင်း သဏ္ဌာန်မပါ
  • -ရွှေမင်ရေး ပုရပိုက်ဖြူ (၄) လုံး၊ တံငါရုပ်သဏ္ဌာန်
  • -သေနင်္ဂဗျူဟာကျမ်း (၄) လုံး၊ သဏ္ဌာန်မပါ

ဓနသိဒ္ဓ နက္ခတ်ကိုဝသုနတ်မင်း စောင့်ကြောင်း၊ အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းတွင် တွေ့ရပေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. http://martikar.pikay.org/2012/10/blog-post_5851.html
  2. နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)